Monday, July 12, 2010

အဘိဓမ္မာသင်ရအောင် (၅)

အရောင်ထွက်ချင်သလား
သူသူကိုယ်ကိုယ် အရောင်နဲ့ အသွေးနဲ့ဖြစ်ချင်ကြတာပဲ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း လိမ်းခြယ် သနေကြတာပေါ့။ အသားအရေစိုပြေအောင်၊ သန့်ရှင်းလတ်ဆတ်အောင် နည်းမျိုးစုံနဲ့ တစ်ကမ္ဘာလုံးကြိုးစားနေကြတာ မျက်မြင်ကိုယ်တွေ့ပဲ။ ဒါပေမဲ့ ခက်နေတာက လှချင်လျက် မလှကြဘဲ ဖြစ်နေတာ ဆိုးတယ်။ ဓာတ်ပစ္စည်းတွေနှင့် ဖန်တီးထားတဲ့ အရေအမျိုးမျိုး၊ ခြယ်သစရာ အဖုံဖုံဟာ အလှမတိုးစေဘဲ ကြာလေ အလှပျက်လေ ဖြစ်နေလို့ပဲ။ ကံမကောင်းကြတဲ့ အချို့ဆို အသားအရေတွေ ပျက်သုဉ်းသွားစေတဲ့ ကင်ဆာလို ရောဂါမျိုးတွေတောင် ဖြစ်ကြရရှာတယ်။ ကမ္ဘာကျော် အဆိုတော်ကြီး ကိုမိုက်ကယ်ဂျက်ဆင် ဘာ့ကြောင့် သေသွားတယ်ဆိုတာ တွေ့မိကြမှာပေါ့။ အသားအရေတွေ မျက်နှာက ကွာကျလာတဲ့အထိ ဓာတ်ပစ္စည်းတွေက ပြင်းထန်လွန်းတယ်။ ဓာတ်ပစ္စည်းတွေကို သတိထားသုံးသင့်တယ် ဆိုတာကို ပြနေတာပဲ။ ထားပါတော့ လှချင်လျက် မလှနိုင်ကြတာကို ပြောလိုရင်းပါ။ လှချင်ရင် ခန္ဓာကိုယ်က အရောင်ထွက်ချင်ရင် ဟောဒီမှာ ပဋ္ဌာန်း (အဘိဓမ္မာ) သာ နာနာဖိရွတ်ကြပေတော့။ မြတ်စွာဘုရားရှင်ရဲ့ တရားဆေးက ကုသိုလ်လည်းရ လူလည်းလှ အန္တရာယ်လည်းကင်း ဘေးလည်းရှင်းတယ်လေ။ တစ်ဘ၀တွင်မက တစ်သံသရာလုံးပါ လှသွားစေမယ့် ဘုရားဆေး တရားဆေး ပဋ္ဌာန်းဆေးကို လူတိုင်းသောက်သုံးသင့်တယ်။

အသံကောင်းတဲ့ မင်းသမီး
မြန်မာနိုင်ငံက ရုပ်ရှင်မင်းသမီး ထွန်းအိန္ဒြာဗိုလ်ဆိုတာ ရုပ်ရှင်လောကမှာရော အဆိုတော် လောကမှာပါ နာမည်ကြီးပဲ။ ရုပ်လည်းလှတယ် အသံလည်းကောင်းတယ်။ အသံကောင်းပုံက အများနဲ့ ယှဉ်ကြည့်မှ သိနိုင်မယ်။ သူ့အသံက ပီတယ်၊ ကြည်တယ်၊ မြည်တယ်၊ ချိုတယ်။ ပြီးတော့ ဘယ်သံညာသံရတယ်။ တက်သံ ကျသံနိုင်တယ်။ ထားပါတော့ ပြောချင်တာက သူ့သီချင်းတွေကို လူတိုင်းက သဘောတွေ့ကြတယ်။ သူမရဲ့ ပထမဆုံးစီးရီးထွက်လာတော့ တစ်နိုင်ငံလုံး ၀က်ဝက်ကွဲ အားပေးကြတယ်။ လူငယ်ကြိုက် ခေတ်သီချင်းများဖြစ်တော့ လူငယ်တွေ အကြိုက်များကြတာပေါ့။ ဒုတိယစီးရီးလည်း ထိုနည်းတူ အောင်မြင်တာပဲ။ ဘာလို့ အဲလိုအောင်မြင်ရတာလဲ။ လျို့ဝှက်ချက်ကလေး သူမက ပြောပြလို့ သိရတာပါ။ သူမသည် ပဋ္ဌန်းတရားတွေကို အမြဲတမ်း ရွတ်ဖတ်ပါသတဲ့။ အထူးသဖြင့် အဆိုတော် လုပ်ချိန်မှာ ပို၍ပင် ဂရုစိုက် ရွတ်ဖတ်ပါသတဲ့။ ပဋ္ဌာန်းတရားတော်တွေကို ရွတ်ဆိုရတဲ့ စွမ်းအားများကြောင့် သူမ၏ တေးသီချင်းများ ယခုလို အောင်မြင်ပေါက်ရောက်ခြင်းဖြစ်ပါသတဲ့။


အတားအဆီးများကို ကျော်လွှားခြင်း
အဘိဓမ္မာတရားတော်များက သဘာဝစစ်စစ်တရားတော်များဖြစ်တယ်။ ပုဂ္ဂိုလ်အလိုက် ဖန်တီး ထားတာ မဟုတ်ဘူး။ အရှိကို အရှိတိုင်း ပွင့်ပွင့်လင်းလင်း တင်ပြထားတဲ့ တရားတွေဖြစ်တယ်။ ဒါကြောင့် အဘိဓမ္မာကို ရွတ်ဖတ် ပွားများသူများရဲ့ ဘ၀မှာလည်း အနှောက်အယှက် အဟန့် အတားတွေ ရှင်းပြီး ပိတ်နေတဲ့ ကံတရားတွေ ပွင့်လင်းလာနိုင်တယ်။ လောကီ လောကုတ် ဆိုင်ရာတွေမှာ အကျိုးပေးသန်လာနိုင်တယ်။ ဒါကြောင့် ပဋ္ဌာန်းစတဲ့ အဘိဓမ္မာတရား စစ်တွေကို များစွာ လေ့လာလိုက်စားသင့်တယ်ဆိုတာ မမေ့သင့်ဘူး။

0 comments:

Post a Comment