Wednesday, July 27, 2011

နှပ်ညှစ်လို့ မထွက်ပါ

M.A တန်းပြီးသွားပြီ၊ အမှတ် ပေါင်း ၂၅၀ ရပြီး ( B ) ဂရိတ်နဲ့ အောင်တယ်။ မြန်မာကျောင်း သား လေးယောက် အနက် စာရေးသူနဲ့ မောင်အိန်ဒါ အောင်ပြီး မောင်စန်နဲ့ မောင်တေ တို့ ကျကြတယ်။ သူတို့ M.A ပြီးဘို့ ကျတဲ့ဘာသာရပ်တွေကို ဆက်ဖြေရဦးမှာမို့ အိန္ဒိယမှာ ဆက် နေရဦးမယ်။ စာရေးသူတို့ကတော့ ဘာသာရပ် အားလုံးအောင်မြင်တဲ့အပြင် Ph.D အဆင့်မီ တာကြောင့် Ph.D ဆက်လုပ်ကြဘို့ လုံးပန်းနေကြတယ်။ ခက်တာက ဒီ (ပူနေး) မှာ Ph.D ၀င်ခွင့်စာမေးပွဲက မသေမချာဖြစ်နေခြင်းဖြစ်တယ်။

အဲဒီအတွက် ပါဠိဋ္ဌာနကို သွားပြီး စုံစမ်းတာ အကြိမ်ကြိမ်ပဲ။ အဖြေက ဒီအတိုင်း ပါပဲ။ ဆရာတွေတောင် ရေရေ ရာရာ မသိရတဲ့ကိစ္စ။ ဂျွန်ကနေ ဂျူလိုင်။ အခု သြဂုတ်လထဲ ဆိုပဲ။ ကုလားထုံးစံက မသိတာကို ရိုးရိုး မသိပါဘူးလို့ မပြောဘူး။ ဟိုလိုလို ဒီလိုလို (သိသလိုလိုနဲ့) ပြောတတ်ကြတာ သူတို့ရဲ့ အကျင့်ပဲ။ ကုလား ဧက် မိနစ်=တစ်မိနစ် ဆိုတာ တစ်နာရီ လောက်ကြာတာပဲ။ ခိုးတာနဲ့ လိမ်တာ ကုလားတွေ သိပ်ကျွမ်းတယ်။

ဌာနမှူးက Ph.D ၀င်ခွင့် မသေချာတော့ M.PHIL လုပ်ရင် ပိုမို အဆင်ပြေနိုင်တဲ့အကြောင်း ပြောတယ်။ M.PHIL က တစ်နှစ်ခွဲလောက်ကြာမယ်။ ပြီးတော့ Ph.D က ၂ နှစ် ဆိုတော့ စုစု ပေါင်း သုံးနှစ် ခွဲ၊ လေးနှစ်လောက် အချိန်ပေးရမယ်။ ဒီနေရာမှာ ငွေနဲ့ အချိန်က စကား ပြောလာတယ်။ ငွေထက် အချိန်က ပိုမိုတန်ဘိုးကြီးတယ်။ အရွယ်တွေက မငယ်တော့ဘူး။ ဒါကြောင့် ပညာရေးကို မြန်မြန်အဆုံးသတ်ဘို့ လိုနေ တယ်။ တစ်ဖက်ကလည်း အရည်အ ချင်းကို ထည့်စဉ်းစားရသေးတယ်။ ပြီးပြီးရော ဆိုတာက လွယ်နေ တယ်။ ဘွဲ့ဒီဂရီနဲ့ တန်တဲ့ အရည်အသွေးကလည်း ရှိဦးမှ။ ဒီအတွက်ဆိုရင် အရည်အသွေးက အသက် အရွယ် သို့မဟုတ် အချိန်ထက် တန်ဘိုးကြီးနေပြန်ရော။ ဘယ်လိုလုပ်ရမလဲ ဆိုတာ အခုမှ ပိုမိုခက်နေတယ်။

ဘုံဘေမှာ ၀င်ခွင့် သိပ်မခက်ဘူး။ ပြီးတော့ နောက်(အခု) လမှာ သေချာပေါက် ကျင်းပမယ်။ ဒါကြောင့် ပူနေးထက် ဘုံဘေက ပိုမိုအဆင်ပြေနိုင်တယ်လို့ သိရတယ်။ နောက်ပြီး ပန်ချပ် ဘက်က သူငယ်ချင်းကလည်း သူတို့ဆီက Ph.D ၀င်ခွင့် အခြေအနေတွေကို အသေးစိတ် ပြောပြလာတယ်။ ပန်ချပ်ကလည်း နောက်လ ၃၀ ရက်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် Ph.D ၀င်ခွင့်နဲ့ ပတ်သက်ရင် ပူနေးထက် အခြားနေရာတွေက ပိုမို အဆင်ပြေနေ တာ တွ့ရတယ်။ ဈေးချို တယ်။ သတ်မှတ်ရက်ရှိတယ်။ ပြီးတော့ ၀င်ခွင့်မေးခွန်း ကအ စ သေချာတဲ့အနေအထားမှာရှိ တယ်။ ဘယ်လိုလုပ်ရမလဲ။

စာရေးသူက အထနှေးတယ်။ အဖေါ်မပါဘဲ ခရီးမသွား(ရဲ)တတ်ပဲ ကြည့်။ မြန်မာပီပီ မျက်စိလည် လမ်းမှားမှာ၊ လူလိမ်နဲ့တွေ့မှာ၊ ဒုက္ခသုက္ခရောက်မှာ စသည်တွေးပူနေတာနဲ့ ဘယ်မှ မသွားဖြစ်ဘူး။ တစ်လောက ဂျပန်မလေးတစ်ယောက် သူမ Ph.D viva လာရင်း ဟိုမြို့ဒီမြို့ကို ညအိပ်ခရီး သွားပြန်လုပ်နေတယ်။ အဲဒါကို ကြည့်ပြီး ထိုင်းသူငယ်ချင်းက သူမလို တစ်ယောက်တည်း ခရီးသွားဘူးသလားလို့ မေးလာတယ်။ ခရီးသွားဘို့၊ သွား တဲ့အခါ တစ်ယောက်တည်း သွားတတ်(ရဲ)အောင် သွားဘို့ အရင်က တိုက်တွန်းဘူးတယ်။ ဆိုလို တာက ဘုံဘေကို ယခု သွားရတော့မယ်။ ဟိုမှာ သူငယ်ချင်းတွေအများကြီး၊ ပြီးတော့ စားစရာ နေစရာ မပူရ၊ မျက်စိလည် လမ်းမှားမှာလည်း မပူရ။ ဖေ့သား ကြိုးထားဆိုပြီး ဘုံဘေကို တစ်ယောက်တည်း ထွက်ခဲ့တယ်။ ဒါတောင် စိတ်ထဲ မရဲသလို ရဲသလို။ ဘုံဘေ ၂ ည အိပ် ၃ ရက်ခရီး ဆရာမကြီးဆီ ပထမဆုံးခေါက် သူငယ်ချင်းဖြစ်သူ သီတဂူစတားနှင့် အတူသွားခြင်းမှ တစ်ပါး ကျန်တာတွေကို တစ်ယောက်တည်းပဲ လိမ့်ဖြစ်တာ များတယ်။ ကျန်တာဆိုလို့ တစ်ခြားမမှတ်လိုက်ပါနဲ့။ စောမယ ကောလိပ်ကနေ ကာလိ နကောလိပ်ကို (နေ့လည်ပိုင်း) တစ်ယောက် တည်းသွား။ (ညပိုင်း) တစ်ယောက်တည်း ပြန်လာတာ။ ဆရာမကြီးနှင့် နောက်တစ်ခေါက် သိချင်တာလေးတွေမေးဘို့ တစ်ယောက်တည်းသွားတွေ့တာ။ ပူနေး ကို ပြန်တော့လည်း တစ်ယောက်တည်း ပြန်တာတွေကို ပြောတာပါ။ ဒါတောင် ဘုံဘေ ရောက်ခိုက် နာမည်ကျော် Bollywood နဲ့ အခြား ရှေးဟောင်း ကျောက်လိုဏ်ဂူတွေ ရှိတဲ့နေ ရာကို သွားဘို့ စိတ်ကူးသေး တာ။ ထားပါတော့ ဒါက တစ်ယောက်တည်း ခရီးတို သွားခြင်းကို ပြောလိုခြင်းပါ။

ဘုံဘေ စောမယ ကောလိပ် (ဆန်စစ်ကရစ်ဌာန) မှာ Ph.D လုပ်မယ်ဆို အလွန်လွယ် ကူနေ တာကို တွေ့ရတယ်။ ဘယ်လောက်အထိ လွယ်သလဲဆိုရင် ၀င်ခွင့်တောင်မှ ဖြေစရာ မလိုဘူး။ နေစရာလည်း အလကား ပေးသေးတယ်။ ဈေးနှုန်းကလည်း ယခုနှစ် ဈေးတက်တာ တောင် အခြားနေရာတွေထက် ပိုမို သက်သာနေတာကို တွေ့ရတယ်။ ပြီးတော့ ကယိကထ မများဘူး။ အားလုံးကို အဖုအထစ်မရှိ လုပ်ဆောင်ပေးတယ်။ အံ့စရာကောင်းလောက် အောင်ကို လွယ်ကူ နေတာတွေ့ရတော့ ဟုတ်မှ ဟုတ်ရဲ့လား လို့တောင် သံသယ ၀င်မိတယ်။ အခြားနေရာတွေမှာ ၀င်ခွင့်။ ဈေးကြီး အခက်အခဲများနှင့် ကြုံတွေ့နေရချိန်မှာ ဒီနေရာတစ်ခုကတော့ အတော်လေး ကို သက်သာချောင်ချိနေတာကို တွေ့ရတယ်။

လူ့စိတ်က တစ်မျိုးပဲ။ မရတော့ လိုချင်တယ်။ ရပြန်တော့ အင်တင်တင်လုပ်ချင်တယ်။ ဆရာမကြီးက မင်းအတွက် ဆရာလည်း အဆင်သင့် ဖြစ်အောင် ငါလုပ်ပေးမယ်။ တစ်ခါတည်း သာ လျှောက်လွှာ တင်သွား ပေတော့ ပြောတာတောင် နားမထောင်ပဲ၊ ငါ ပူနေးပြန်ဦးမယ်။ နောက်ရက်မှ တင်တာပေါ့ လို့ ပြောပြီး ပူနေးကို ပြန်လာခဲ့တယ်။ ပူနေး ရောက်တော့ မောင် မင်းကြီးသား လိမ့်နေအောင် ဖျားတော့တာပဲ။ ဘုံဘေခရီးစဉ်တစ်လျှောက် မိုးရေ လေထဲ သွားလာခဲ့တာကိုး။ ငှက်ဖျားဓာတ်ခံ ရှိတာမို့ ငှက်ပြန်ထပြီလို့ တွက်လိုက်တယ်။ ချောင်းတွေ ဆိုး။ ကိုယ်တွေပူ။ အားတွေနည်း။ အချို့က အပု (ဂျပန်) မလေး ပြန်သွားလို့ လွမ်းဖျား ဖျား တာ ပါလို့ ထင်ကြေးပေးကြတယ်။ မဟုတ်ရပါ အရပ်ကတို့။

သုံးလေး ငါးရက် အိပ်ရာထဲမှာ။ ကုလားဆေးကလည်း ကောင်းသလား မမေးနဲ့။ သောက်လိုက် လို့ကတော့ နာရီဝက်အကြာ ရှိသမျှ ချွေး အကုန်ထုတ်ပစ်တော့တာပဲ။ ထမင်းတွေ ဟင်းတွေ စားချင်စိတ်ပေါက်လာတယ်။ တစ်ပတ်လောက်နေတော့ လူကောင်းပြန်ဖြစ်။ ခက်တာက ပျောက်ပြီး တစ်ပတ်အကြာမှာ အဖျား ပြန်စလာခြင်းပဲ။ ဒါဟာ နာလန်ထ ဆိုပေမယ့် နာလန်ထ လို့ ကိုယ့်ကိုယ်ကို မတွက်မိခဲ့လို့ပဲ။ ပုံမှန် သင်တန်းပြန်ပေးတယ်။ ကျောင်း စာ အိမ်စာ အများကြီး ညအိပ်ပျက်ခံ လုပ်လိုက်တယ်။ အဲဒီမှာ အားနည်း လာတာကို ကိုယ်က မသိလိုက် ဘူး။ ခန္ဓာကိုယ်က သိတယ်။ အားနည်းရာက အဖျားပြန်လာတာပေါ့။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ရောက်တော့ ဆေးခန်းပြန်သွားရရော။ အခု ဆေးသောက်နေရတာ ကြည့်ပေတော့။

ဒီကြားထဲ ဘုံဘေ သတင်းဝင်လာတယ်။ တနင်္လာနေ့ နောက်ဆုံး လျှောက်လွှာတင်ရက်၊ သြဂုတ် ၁-ရက်နေ့က အင်တာဗျူး ထိုင်ရမယ့်နေ့ ဆိုပဲ။ ဘယ်လိုလုပ်ရမလဲ။ ဘုံဘေ ဆရာမဆီ ဖုန်းဆက်ပြောကြည့်တယ်။ ငါ ဖျားနေတယ်။ ဘုံဘေကို ဘယ်တော့ လာရမှာလဲ ပေါ့။ ဆရာမ က သြဂုတ်လ ၁ ရက် နံက် ၁၀ အရောက်လာခဲ့တဲ့။ ဒါဟာ no way ပဲတဲ့။ ဒါက နေ့လည်ခင်းက အဖြစ်အပျက်။ ညခင်း ရောက်တော့ တရုပ် မယ်သီလဆီက ဖုန်းလာတယ်။ ''အင်တာနက်မှာ ကြေငြာထားတယ်၊ M.Phil အတွက် လျှောက်လွှာ တင်ခွင့် ပြုပြီတဲ့။'' ခေါင်းကိုက်ရပြန်ပြီ။ ကြာရင်တော့ ရူးလိမ့်မည်။ ပူနေး Ph.D ကို စောင့်နေ။ Ph.D မလာတော့ M.Phil လုပ်ဘို့ တွေးထား။ M.Phil မလာသေးပြန်တော့ ဘုံဘေဘက်မှာ Ph.D လုပ်ဘို့ တွက်ထား။ ယခု ပူနေး မှာ M.Phil တွေ ခွင့်ပြုပြီ ဆိုပြန်တော့။ ဟိုလိုလို ဒီလိုလိုဖြစ်နေပြန်။ အမေ ရေ….ကုလားပြည်မှာ မေ့သား အဖြစ်က နှပ်ညှစ်လို့ကို မထွက်အောင် ဖြစ်နေပြီ အမေရေ့။ (နေမကောင်းတတ်သဖြင့် health center သွား။ ကုလား ဒေါက်တာ က နှာဆေးသလား မေးသည်ကို နားမလည်ပဲ yes လို့ ပြော မိ သဖြင့် နှာဆေးပျောက်ဆေး ပါ သောက်နေရ)။ ထို့ကြောင့် ကုလားပြည်တွင် နှပ်ညှစ်၍ မထွက်ပါ ဟု ဆိုခြင်းဖြစ်။ ဒီသတင်းကို ဒူးဘိုင်းတွင် အလုပ်လုပ်နေသော နှမများ ကြားသိ၍ (နေမကောင်း၊ စိတ်ရှုပ်) သက်သာရန်အလို့ငှာ မုန့်ဘိုး ဒေါ်လာ (၁၀၀) နက်ဖြန် ပို့ပေး လိုက်ပါမည် ဟု အလိုလို ပြောကြားလာ။ သြော်- ကောင်းလေစွ၊ ကောင်းလေစွ တကား။ ။

0 comments:

Post a Comment