၂၅-၁၀-၂၀၁၁။
နံနက် ကားဖြင့် ၀က်လက်မှ စစ်ကိုင်းသို့ ထွက်ခဲ့သည်။ နက်ဖြန် တော်သလင်းလကွယ်နေ့ ၀က်လက်မြို့
စည်ပင်ဈေး ၀ိသာခါဆွမ်းကပ်အဖွဲ့က စာရေးသူ ရောက်ခိုက် စစ်ကိုင်း-သီတဂူတက္ကသိုလ် တွင် ဆွမ်းဆက်ကပ်လိုပါသည်
ဟုဆိုသဖြင့် ယနေ့ ထွက်လာခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်း သီတဂူတက္ကသိုလ် သည် စာရေးသူ၏ မိခင်
ဌာနဖြစ်သည်။ ပြည်ပသို့ ပညာသင် မသွားမီက သီတဂူတွင် ဒီပလိုမာနှင့် ဘီအေ တန်း အောင်သည်အထိ
နေထိုင်ပညာသင်ကြားခဲ့သည်။ ဆွမ်းကပ်အဖွဲ့ ည ရထားဖြင့် စစ်ကိုင်းသို့ ရောက် လာကြသည်။
၂၆-၁၀-၁၁။
သီတင်းကျွတ် လကွယ်နေ့။ သီတဂူကမ္ဘာ့တက္ကသိုလ်တွင်
သီတင်းသုံး တော်မူသော သံ ဃာတော် ၆၈ ပါးတို့အား အာရုံဆွမ်း နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်
လှူဒါန်းသည်။ သီတဂူတွင် နေ့ဆွမ်း ဆက် ကပ်ပြီးသည်နှင့် ၀က်လက်ဆွမ်း ကပ်အဖွဲ့သည် နေ့
ရထားဖြင့် ၀က်လက်သို့ ပြန်ကြပြီး စာရေးသူနှင့် ဦးဗာကုလတို့သည် ပခုက္ကူသို့ ညနေ ၃-နာရီ
ရွှေမန်းသူ ကားဖြင့် ခရီးဆက်ခဲ့ကြသည်။ ပခုက္ကူသို့
ည ၈-နာရီအချိန်တွင် ဆိုက်ရောက်သည်။ ကားဂိတ်သို့ မြင်သာ ဘုမ္မကျောင်းဆရာတော်နှင့် ဒကာ၊
ဒကာမ များက ကား ဆိုင်ကယ်များဖြင့် လာရောက် ကြိုဆိုကြသည်။ ပခုက္ကူသည် စာရေးသူ၏ ဘ၀တစ်ခုဖြစ်ခဲ့ သည်။
စာရေးသူ ပခုက္ကူမြို့
မဟာဝိသုတာရာမ အလယ်တိုက်ကြီးတွင် ၁၀-နှစ်တိုင် ပညာသင်ခဲ့သည်။ ပထမကြီး တန်းနှင့် အစိုးရ
စာချတန်းတို့ကို ပခုက္ကူမှာပင် ပြီးစီး အောင်မြင်ခဲ့သည်။ ပခုက္ကူနည်းဖြင့် နိကာယ်ကျမ်းကြီး
များကို အားပါးတရ သင်ယူခဲ့သည်။ ပိဋကတ်မျက်လုံးပွင့်လင်းခဲ့ခြင်းနှင့်အတူ တရားဟော၊ စာရေး
အတတ်တို့ကိုလည်း ပခုက္ကူကပင် ရရှိခဲ့သည်။ ဆိုရလျှင် ခေတ်ပညာ သင်ကြားဘို့ ပခုက္ကူကပင်
စတင် အခြေပျိုးပေးခဲ့ခြင်းဖြစ်သည်။ ၂၀၀၀-ခုနှစ် ပခုက္ကူတွင် အစိုးရ စာချတန်း အောင်မြင်ပြီးနောက်
ခေတ်ပညာ သင်ကြားရန်အတွက် စတင်တာဆူသောအားဖြင့် ပခုက္ကူမြို့ မြင်သာဆန်တန်းရပ် ဆရာကြီး
ဦးအောင်ဆင့် ထံတွင် အင်္ဂလိပ်စာ စတင် သင်ကြားခဲ့သည်။ သင်ယူခဲ့ရာ နေရာမှာ ပခုက္ကူမြို့
ရွှေဂူ ဘုရားကြီးအနီး တက္က သိုလ်ကျောင်းတိုက်အတွင်းဖြစ်သည်။ ဆရာကြီးထံတွင် အခြေခံ အင်္ဂလိပ်စာများကို
တစ်လခန့် သင်ကြားပြီး နောက် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။
ပခုက္ကူတွင် ၁၀-နှစ်တာ နေထိုင်ခဲ့သည့် ကာလအတွင်း ဆွေမျိုးကဲ့ သို့သော အသိမိတ်ဆွေများ
ရရှိခဲ့သည်။ အထူးသဖြင့် ပခုက္ကူမြို့ အနောက်ပိုင်း မြင် သာ ၁၄ ရပ်ကွက်သည် စာရေးသူ၏ နယ်မြေဟု
ဆိုရလောက်အောင် ထိုရပ်ကွက် တွင် အသိမိတ်ဆွေ ပေါများလှသည်။ အမှတ် ၁၄ မြင်သာ ဈေးတန်း ရပ်
ဒေါ်ချောသည် စာရေးသူ၏ ရဟန်းမယ် တော်ကြီးဖြစ်သည်။
(၂၈၊ ၂၉။)
၂-ညတိုင် မြင်သာ ဘုမ္မရပ် ကျောင်းတိုက်အတွင်းဝယ် စာရေးသူ၏ ညတ ရားပွဲ ပြုလုပ်သည်။ ကမ္ဘာနှင့်
မြန်မာ သဘောတရားများကို နှိုင်းယှဉ်ပြောပြ သည်။ ကုလားပြည်တွင် ဗုဒ္ဓဘာသာ ကွယ်ပရခြင်း
အကြောင်းနှင့် မြန်မာပြည်တွင် သာသနာ ထွန်းလင်းရခြင်းအကြောင်း၊ ကမ္ဘာတွင်
မြန်မာတို့က မြတ်ဗုဒ္ဓ တရားများဖြင့် ဆရာလုပ်ဘို့ အချိန်ရောက်လာပြီဖြစ်ကြောင်းနှင့် စီးပွားရေးမှာလည်း မြန်မာတို့သည် ကမ္ဘာ့နံပတ် ၁ နေရာသို့ မကြာမီ ရောက်လာတော့မည်ဖြစ်ကြောင်းများကို
ဟောပြခဲ့သည်။ ( စကားချပ်။ ဤပြောဟောချက်များသည် အားလုံးထက် ရှေးကျသည်ဟုမှတ်ကြကုန်။) တရားပွဲ ၂ ည ပြီးဆုံးသောအခါ
အလှူတော်ငွေများကို ပေးအပ်လှူဒါန်းကြသည်။ ဓမ္မပူဇာ ၆-သိန်းကျပ်၊ ရဟန်း အမကြီး ဒေါ်ချောနှင့်
မြေးမြစ်များက ၁၀-သိန်းကျပ် စုစုပေါင်း ၁၆ သိန်းကျပ်ကို လှူဒါန်းကြသည်။ ထိုငွေများကို
စာရေးသူ၏ ပြည်ပ ပညာသင်ကြားစရိတ် အဖြစ် ပခုက္ကူက လှူဒါန်းလိုက်ခြင်းဖြစ်သည်။
စာရေးသူ၏ ရဟန်းမယ်တော်ကြီး
အမေချောသည် ယခုအခါ အသက် ၉၀ ကျော်အရွယ် သို့ ရောက်ပြီဖြစ် ၍ မျက်စိနှစ်ကွင်း အလင်းမရရှာတော့ပါ။
သို့သော် ကျန်းမာ ရေး ကောင်းသည်။ စာရေးသူ ကုလားပြည် က ပြန်လာပြီး ပြန်သွားရဦးမည် ဟု
သတင်းကြားသည်နှင့် မိမိတို့ (အပို) ပိုင်ဆိုင်ထားသော အိမ်မြေကွက် ကလေးကို သမီးဖြစ်သူအား
ရောင်းချလိုက်ပြီး ငွေငါးသိန်းကျပ်ကို စာရေးသူ၏ ပညာသင်စရိတ် အဖြစ် လှူဒါန်းမည်ဖြစ်ကြောင်း
စာရေးသူ ရန်ကုန် ရောက်စကပင် သိရသည်။ ထိုငါးသိန်းကျပ်ကို မတည်ထား၍ သားသမီးမြေးများက
ဝိုင်းဝန်းလှူဒါန်းရာ အလှူ ငွေ စုစုပေါင်း ၁၀ သိန်းကျပ်ဖြစ်သွားခြင်းဖြစ်သည်။ ထို့အပြင်
နောက်ထပ် ပညာသင် စရိတ်လိုအပ်သေးပါက ယခုလက်ရှိ နေအိမ် ၀ိုင်းခြံလေးကို တစ်ခြမ်း ဖဲ့ပြီး
ရောင်းပေးဦးမည်ဖြစ်ကြောင်း၊ ထိုပြင် အိမ်နှင့် ၀ိုင်းကို မည်သည့်သား သမီးကိုမျှ မပေးဘဲ
စာရေးသူ အားသာ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယခု မျက်မှောက်မှာပင် လူသိရှင်ကြား ပေးအပ်ထား
ချင်ကြောင်း ပြောလေ၏။(စကားချပ်။ မြန်မာတို့၏ သတ္တိသည် ကြောက်စရာ ကောင်းလွန်းစွ)
အမေချောသည်
စာရေးသူအား သားအရင်း တစ်ယောက်ပမာ လွန်စွာ ချစ်ခင်မြတ် နိုးသည်။ သိမ်ထပ်ပြီး ကတည်းက
လိုလေသေးမရှိ ထောက်ပံ့ လှူဒါန်းခဲ့သည်။ စာရေးသူ ပခုက္ကူတွင် စာသင်နေစဉ်က စာရေးသူ အား
ဆွမ်းခံမထွက်စေဘဲ နေ့စဉ် ဆွမ်းဝတ်ပြု၍ ပို့သည်။ စာရေးသူ စာချတန်းအောင်သော အခါ ကျောင်း လုံးကျွတ်
မုံ့ဟင်းခါးကပ်၍ ဂုဏ်ပြုပြန်သည်။ အမေချောသည် များစွာ မရှိရှာပါ။ သို့သော် စာရေးသူ အပေါ်ထားသည့်
စေတနာကမူ များပြားလှစွာသည်။ ယခုလည်း အိန္ဒိယပြန်ရဦးမည်ဆိုသော အခါ အိမ်ရောင်း၍ ပေးရှာသည်။
ယမန်နှစ်ကလည်း အိန္ဒိယသို့ ငွေငါးသိန်း လှမ်းပို့ပေးရှာသည်။
ပခုက္ကူတွင်
စာရေးသူသည် မြင်သာ ဘုမ္မရပ်ကွက် ကျောင်းတွင် တည်းခို နေထိုင်သည်။ ဤရပ်ကွက်သည် စာရေးသူ၏
ရပ်ကွက်ဟု ဆိုရလောက် အောင် ဆွေမျိုးရင်း ချာပမာ သိကျွမ်းခင်မင်သူ ပေါများလှသည်။ အာရုံဆွမ်း၊
နေ့ဆွမ်း စားသောက်ဘွယ် အစုံအလင်ဖြင့် ပြုစုကျွေးမွေးကြသည်။ အိမ်သို့ ပင့်ဖိတ်၍တစ်ဖုံ၊
လူကိုယ်တိုင်တစ်မျိုး တွေ့ဆုံနှုတ်ဆက်ကြသည်။ လှူကြဒါန်းကြသည်။ စာရေးသူ စာသင်သား ဘ၀ ပခုက္ကူနေစဉ်က
ဤကျောင်းတိုက်ဆရာတော်ကြီးနှင့် ရင်းနှီးခင်မင်၍ စာဝါအားချိန် ဥပုသ်နေ့များတွင် ဤကျောင်းတိုက်သို့
မကြာ မကြာ ရောက်ဖြစ်သည်။ ဧရာဝ တီမြစ်ရေတိုက်စား၍ ကျောင်းနှင်ဘုရားကို ယခုလက်ရှိနေရာသို့
ရွှေ့ပြောင်း တည်ဆောက်ရေးတွင်လည်း ဦးဆောင် ဦးရွက်ပြု ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်
ဤရပ်ကွက်သည် စာရေးသူ၏ ရပ်ကွက်ဟု ဆိုရလောက်အောင် အသိအကျွမ်း ရင်းနှီးခင် မင်သူ ပေါများနေခြင်းဖြစ်သည်။
စာရေးသူတို့ ပခုက္ကူတွင် တစ်ပတ်ခန့် နေပြီး ၂-၁၁-၁၁ နေ့ တွင် ပြန်လာခဲ့ကြသည်။ စာရေးသူက
စစ်ကိုင်းတွင် နေရစ်ခဲ့ပြီး ဦးဗာကုလ က ၀က်လက်သို့ လိုက်ပါသွား သည်။ စစ်ကိုင်းသီတဂူတက္ကသိုလ်သို့ ရောက်ပြီး မကြာပါချေ။ ၀က်လက်မြို့ ကြို့ပင်ကျောင်း ဆရာ တော်ထံမှ ဖုန်းသတင်း
ရောက်လာသည်။ နက်ဖန် သီတင်းကျွတ် လဆန်း (၈)
ရက် ( ၃-၁၀- ၁၁) နေ့ ၀က်လက် အုတ်တိုက်ကျောင်းတွင် ပူဇော်ပွဲ (ငွေလှူဒါန်းပွဲ) ပြုလုပ်မည်။
ထို့ကြောင့် ၀က်လက်သို့ ညချင်း လာခဲ့ရန်ဖြစ်ကြောင်း။ စာရေးသူ ည (၉) နာရီ မြစ်ကြီးနား အထူးအမြန် ရထားဖြင့် ၀က်လက်သို့ ညချင်းပင်သွားခဲ့သည်။
မြစ်ကြီးနား အထူးအမြန် ရထားသည် ညနေ ၂ နာရီခွဲအချိန်တွင် မန္တလေးမှ စစ်ကိုင်း-ရွာထောင်
ဘူတာသို့ ဆိုက်ရောက်နေကျဖြစ်သည်။ ထို့နေ့က အထက်ပိုင်းတွင် မိုးရွာသွန်း မှုကြောင့် ရထား
အချိန်မမှန်ဘဲ ည(၉) နာရီမှ ရွာထောင်သို့ ရောက်သည်။ စာရေးသူ စစ်ကိုင်းသို့ ဆင်းနေရစ်ခဲ့ခြင်းမှာ
ဝက်လက် အောင်ချမ်းသာရွာမှ အရီးမိသားစုက စစ်ကိုင်း သီတဂူတွင် နေ့ဆွမ်း ဆက်ကပ်လိုကြောင်း
ရက်တောင်းထားရာ သီတင်း ကျွတ်လဆန်း (၉) ရက်(၄-၁၀-၁၁) နေ့ရသဖြင့် ထိုနေ့ နံက်တွင် စစ်ကိုင်းသို့
လာ၍ ဆက်ကပ်ကြမည်ကို စာရေးသူက စစ်ကိုင်းမှ စောင့်စားနေရန် အတွက်ဖြစ် သည်။ သို့သော် ၀က်လက်ပူဇော်ပွဲမှာ
သီတင်းကျွတ်လဆန်း (၈) ရက်ဟု ဆိုသဖြင့် ၀က်လက်သို့ ချက်ချင်း သွားဘို့ ဖြစ်သွားခဲ့သည်။
0 comments:
Post a Comment