Wednesday, July 27, 2011

နှပ်ညှစ်လို့ မထွက်ပါ

M.A တန်းပြီးသွားပြီ၊ အမှတ် ပေါင်း ၂၅၀ ရပြီး ( B ) ဂရိတ်နဲ့ အောင်တယ်။ မြန်မာကျောင်း သား လေးယောက် အနက် စာရေးသူနဲ့ မောင်အိန်ဒါ အောင်ပြီး မောင်စန်နဲ့ မောင်တေ တို့ ကျကြတယ်။ သူတို့ M.A ပြီးဘို့ ကျတဲ့ဘာသာရပ်တွေကို ဆက်ဖြေရဦးမှာမို့ အိန္ဒိယမှာ ဆက် နေရဦးမယ်။ စာရေးသူတို့ကတော့ ဘာသာရပ် အားလုံးအောင်မြင်တဲ့အပြင် Ph.D အဆင့်မီ တာကြောင့် Ph.D ဆက်လုပ်ကြဘို့ လုံးပန်းနေကြတယ်။ ခက်တာက ဒီ (ပူနေး) မှာ Ph.D ၀င်ခွင့်စာမေးပွဲက မသေမချာဖြစ်နေခြင်းဖြစ်တယ်။

အဲဒီအတွက် ပါဠိဋ္ဌာနကို သွားပြီး စုံစမ်းတာ အကြိမ်ကြိမ်ပဲ။ အဖြေက ဒီအတိုင်း ပါပဲ။ ဆရာတွေတောင် ရေရေ ရာရာ မသိရတဲ့ကိစ္စ။ ဂျွန်ကနေ ဂျူလိုင်။ အခု သြဂုတ်လထဲ ဆိုပဲ။ ကုလားထုံးစံက မသိတာကို ရိုးရိုး မသိပါဘူးလို့ မပြောဘူး။ ဟိုလိုလို ဒီလိုလို (သိသလိုလိုနဲ့) ပြောတတ်ကြတာ သူတို့ရဲ့ အကျင့်ပဲ။ ကုလား ဧက် မိနစ်=တစ်မိနစ် ဆိုတာ တစ်နာရီ လောက်ကြာတာပဲ။ ခိုးတာနဲ့ လိမ်တာ ကုလားတွေ သိပ်ကျွမ်းတယ်။

ဌာနမှူးက Ph.D ၀င်ခွင့် မသေချာတော့ M.PHIL လုပ်ရင် ပိုမို အဆင်ပြေနိုင်တဲ့အကြောင်း ပြောတယ်။ M.PHIL က တစ်နှစ်ခွဲလောက်ကြာမယ်။ ပြီးတော့ Ph.D က ၂ နှစ် ဆိုတော့ စုစု ပေါင်း သုံးနှစ် ခွဲ၊ လေးနှစ်လောက် အချိန်ပေးရမယ်။ ဒီနေရာမှာ ငွေနဲ့ အချိန်က စကား ပြောလာတယ်။ ငွေထက် အချိန်က ပိုမိုတန်ဘိုးကြီးတယ်။ အရွယ်တွေက မငယ်တော့ဘူး။ ဒါကြောင့် ပညာရေးကို မြန်မြန်အဆုံးသတ်ဘို့ လိုနေ တယ်။ တစ်ဖက်ကလည်း အရည်အ ချင်းကို ထည့်စဉ်းစားရသေးတယ်။ ပြီးပြီးရော ဆိုတာက လွယ်နေ တယ်။ ဘွဲ့ဒီဂရီနဲ့ တန်တဲ့ အရည်အသွေးကလည်း ရှိဦးမှ။ ဒီအတွက်ဆိုရင် အရည်အသွေးက အသက် အရွယ် သို့မဟုတ် အချိန်ထက် တန်ဘိုးကြီးနေပြန်ရော။ ဘယ်လိုလုပ်ရမလဲ ဆိုတာ အခုမှ ပိုမိုခက်နေတယ်။

ဘုံဘေမှာ ၀င်ခွင့် သိပ်မခက်ဘူး။ ပြီးတော့ နောက်(အခု) လမှာ သေချာပေါက် ကျင်းပမယ်။ ဒါကြောင့် ပူနေးထက် ဘုံဘေက ပိုမိုအဆင်ပြေနိုင်တယ်လို့ သိရတယ်။ နောက်ပြီး ပန်ချပ် ဘက်က သူငယ်ချင်းကလည်း သူတို့ဆီက Ph.D ၀င်ခွင့် အခြေအနေတွေကို အသေးစိတ် ပြောပြလာတယ်။ ပန်ချပ်ကလည်း နောက်လ ၃၀ ရက်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် Ph.D ၀င်ခွင့်နဲ့ ပတ်သက်ရင် ပူနေးထက် အခြားနေရာတွေက ပိုမို အဆင်ပြေနေ တာ တွ့ရတယ်။ ဈေးချို တယ်။ သတ်မှတ်ရက်ရှိတယ်။ ပြီးတော့ ၀င်ခွင့်မေးခွန်း ကအ စ သေချာတဲ့အနေအထားမှာရှိ တယ်။ ဘယ်လိုလုပ်ရမလဲ။

စာရေးသူက အထနှေးတယ်။ အဖေါ်မပါဘဲ ခရီးမသွား(ရဲ)တတ်ပဲ ကြည့်။ မြန်မာပီပီ မျက်စိလည် လမ်းမှားမှာ၊ လူလိမ်နဲ့တွေ့မှာ၊ ဒုက္ခသုက္ခရောက်မှာ စသည်တွေးပူနေတာနဲ့ ဘယ်မှ မသွားဖြစ်ဘူး။ တစ်လောက ဂျပန်မလေးတစ်ယောက် သူမ Ph.D viva လာရင်း ဟိုမြို့ဒီမြို့ကို ညအိပ်ခရီး သွားပြန်လုပ်နေတယ်။ အဲဒါကို ကြည့်ပြီး ထိုင်းသူငယ်ချင်းက သူမလို တစ်ယောက်တည်း ခရီးသွားဘူးသလားလို့ မေးလာတယ်။ ခရီးသွားဘို့၊ သွား တဲ့အခါ တစ်ယောက်တည်း သွားတတ်(ရဲ)အောင် သွားဘို့ အရင်က တိုက်တွန်းဘူးတယ်။ ဆိုလို တာက ဘုံဘေကို ယခု သွားရတော့မယ်။ ဟိုမှာ သူငယ်ချင်းတွေအများကြီး၊ ပြီးတော့ စားစရာ နေစရာ မပူရ၊ မျက်စိလည် လမ်းမှားမှာလည်း မပူရ။ ဖေ့သား ကြိုးထားဆိုပြီး ဘုံဘေကို တစ်ယောက်တည်း ထွက်ခဲ့တယ်။ ဒါတောင် စိတ်ထဲ မရဲသလို ရဲသလို။ ဘုံဘေ ၂ ည အိပ် ၃ ရက်ခရီး ဆရာမကြီးဆီ ပထမဆုံးခေါက် သူငယ်ချင်းဖြစ်သူ သီတဂူစတားနှင့် အတူသွားခြင်းမှ တစ်ပါး ကျန်တာတွေကို တစ်ယောက်တည်းပဲ လိမ့်ဖြစ်တာ များတယ်။ ကျန်တာဆိုလို့ တစ်ခြားမမှတ်လိုက်ပါနဲ့။ စောမယ ကောလိပ်ကနေ ကာလိ နကောလိပ်ကို (နေ့လည်ပိုင်း) တစ်ယောက် တည်းသွား။ (ညပိုင်း) တစ်ယောက်တည်း ပြန်လာတာ။ ဆရာမကြီးနှင့် နောက်တစ်ခေါက် သိချင်တာလေးတွေမေးဘို့ တစ်ယောက်တည်းသွားတွေ့တာ။ ပူနေး ကို ပြန်တော့လည်း တစ်ယောက်တည်း ပြန်တာတွေကို ပြောတာပါ။ ဒါတောင် ဘုံဘေ ရောက်ခိုက် နာမည်ကျော် Bollywood နဲ့ အခြား ရှေးဟောင်း ကျောက်လိုဏ်ဂူတွေ ရှိတဲ့နေ ရာကို သွားဘို့ စိတ်ကူးသေး တာ။ ထားပါတော့ ဒါက တစ်ယောက်တည်း ခရီးတို သွားခြင်းကို ပြောလိုခြင်းပါ။

ဘုံဘေ စောမယ ကောလိပ် (ဆန်စစ်ကရစ်ဌာန) မှာ Ph.D လုပ်မယ်ဆို အလွန်လွယ် ကူနေ တာကို တွေ့ရတယ်။ ဘယ်လောက်အထိ လွယ်သလဲဆိုရင် ၀င်ခွင့်တောင်မှ ဖြေစရာ မလိုဘူး။ နေစရာလည်း အလကား ပေးသေးတယ်။ ဈေးနှုန်းကလည်း ယခုနှစ် ဈေးတက်တာ တောင် အခြားနေရာတွေထက် ပိုမို သက်သာနေတာကို တွေ့ရတယ်။ ပြီးတော့ ကယိကထ မများဘူး။ အားလုံးကို အဖုအထစ်မရှိ လုပ်ဆောင်ပေးတယ်။ အံ့စရာကောင်းလောက် အောင်ကို လွယ်ကူ နေတာတွေ့ရတော့ ဟုတ်မှ ဟုတ်ရဲ့လား လို့တောင် သံသယ ၀င်မိတယ်။ အခြားနေရာတွေမှာ ၀င်ခွင့်။ ဈေးကြီး အခက်အခဲများနှင့် ကြုံတွေ့နေရချိန်မှာ ဒီနေရာတစ်ခုကတော့ အတော်လေး ကို သက်သာချောင်ချိနေတာကို တွေ့ရတယ်။

လူ့စိတ်က တစ်မျိုးပဲ။ မရတော့ လိုချင်တယ်။ ရပြန်တော့ အင်တင်တင်လုပ်ချင်တယ်။ ဆရာမကြီးက မင်းအတွက် ဆရာလည်း အဆင်သင့် ဖြစ်အောင် ငါလုပ်ပေးမယ်။ တစ်ခါတည်း သာ လျှောက်လွှာ တင်သွား ပေတော့ ပြောတာတောင် နားမထောင်ပဲ၊ ငါ ပူနေးပြန်ဦးမယ်။ နောက်ရက်မှ တင်တာပေါ့ လို့ ပြောပြီး ပူနေးကို ပြန်လာခဲ့တယ်။ ပူနေး ရောက်တော့ မောင် မင်းကြီးသား လိမ့်နေအောင် ဖျားတော့တာပဲ။ ဘုံဘေခရီးစဉ်တစ်လျှောက် မိုးရေ လေထဲ သွားလာခဲ့တာကိုး။ ငှက်ဖျားဓာတ်ခံ ရှိတာမို့ ငှက်ပြန်ထပြီလို့ တွက်လိုက်တယ်။ ချောင်းတွေ ဆိုး။ ကိုယ်တွေပူ။ အားတွေနည်း။ အချို့က အပု (ဂျပန်) မလေး ပြန်သွားလို့ လွမ်းဖျား ဖျား တာ ပါလို့ ထင်ကြေးပေးကြတယ်။ မဟုတ်ရပါ အရပ်ကတို့။

သုံးလေး ငါးရက် အိပ်ရာထဲမှာ။ ကုလားဆေးကလည်း ကောင်းသလား မမေးနဲ့။ သောက်လိုက် လို့ကတော့ နာရီဝက်အကြာ ရှိသမျှ ချွေး အကုန်ထုတ်ပစ်တော့တာပဲ။ ထမင်းတွေ ဟင်းတွေ စားချင်စိတ်ပေါက်လာတယ်။ တစ်ပတ်လောက်နေတော့ လူကောင်းပြန်ဖြစ်။ ခက်တာက ပျောက်ပြီး တစ်ပတ်အကြာမှာ အဖျား ပြန်စလာခြင်းပဲ။ ဒါဟာ နာလန်ထ ဆိုပေမယ့် နာလန်ထ လို့ ကိုယ့်ကိုယ်ကို မတွက်မိခဲ့လို့ပဲ။ ပုံမှန် သင်တန်းပြန်ပေးတယ်။ ကျောင်း စာ အိမ်စာ အများကြီး ညအိပ်ပျက်ခံ လုပ်လိုက်တယ်။ အဲဒီမှာ အားနည်း လာတာကို ကိုယ်က မသိလိုက် ဘူး။ ခန္ဓာကိုယ်က သိတယ်။ အားနည်းရာက အဖျားပြန်လာတာပေါ့။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ရောက်တော့ ဆေးခန်းပြန်သွားရရော။ အခု ဆေးသောက်နေရတာ ကြည့်ပေတော့။

ဒီကြားထဲ ဘုံဘေ သတင်းဝင်လာတယ်။ တနင်္လာနေ့ နောက်ဆုံး လျှောက်လွှာတင်ရက်၊ သြဂုတ် ၁-ရက်နေ့က အင်တာဗျူး ထိုင်ရမယ့်နေ့ ဆိုပဲ။ ဘယ်လိုလုပ်ရမလဲ။ ဘုံဘေ ဆရာမဆီ ဖုန်းဆက်ပြောကြည့်တယ်။ ငါ ဖျားနေတယ်။ ဘုံဘေကို ဘယ်တော့ လာရမှာလဲ ပေါ့။ ဆရာမ က သြဂုတ်လ ၁ ရက် နံက် ၁၀ အရောက်လာခဲ့တဲ့။ ဒါဟာ no way ပဲတဲ့။ ဒါက နေ့လည်ခင်းက အဖြစ်အပျက်။ ညခင်း ရောက်တော့ တရုပ် မယ်သီလဆီက ဖုန်းလာတယ်။ ''အင်တာနက်မှာ ကြေငြာထားတယ်၊ M.Phil အတွက် လျှောက်လွှာ တင်ခွင့် ပြုပြီတဲ့။'' ခေါင်းကိုက်ရပြန်ပြီ။ ကြာရင်တော့ ရူးလိမ့်မည်။ ပူနေး Ph.D ကို စောင့်နေ။ Ph.D မလာတော့ M.Phil လုပ်ဘို့ တွေးထား။ M.Phil မလာသေးပြန်တော့ ဘုံဘေဘက်မှာ Ph.D လုပ်ဘို့ တွက်ထား။ ယခု ပူနေး မှာ M.Phil တွေ ခွင့်ပြုပြီ ဆိုပြန်တော့။ ဟိုလိုလို ဒီလိုလိုဖြစ်နေပြန်။ အမေ ရေ….ကုလားပြည်မှာ မေ့သား အဖြစ်က နှပ်ညှစ်လို့ကို မထွက်အောင် ဖြစ်နေပြီ အမေရေ့။ (နေမကောင်းတတ်သဖြင့် health center သွား။ ကုလား ဒေါက်တာ က နှာဆေးသလား မေးသည်ကို နားမလည်ပဲ yes လို့ ပြော မိ သဖြင့် နှာဆေးပျောက်ဆေး ပါ သောက်နေရ)။ ထို့ကြောင့် ကုလားပြည်တွင် နှပ်ညှစ်၍ မထွက်ပါ ဟု ဆိုခြင်းဖြစ်။ ဒီသတင်းကို ဒူးဘိုင်းတွင် အလုပ်လုပ်နေသော နှမများ ကြားသိ၍ (နေမကောင်း၊ စိတ်ရှုပ်) သက်သာရန်အလို့ငှာ မုန့်ဘိုး ဒေါ်လာ (၁၀၀) နက်ဖြန် ပို့ပေး လိုက်ပါမည် ဟု အလိုလို ပြောကြားလာ။ သြော်- ကောင်းလေစွ၊ ကောင်းလေစွ တကား။ ။

Sunday, July 24, 2011

ဆန်းဒေးစကူး (၃)

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က စပြီး ဆန်းဒေးစကူးလုပ်ဖြစ်တယ်။ ကျောင်းသားကတော့ တစ်ယောက်တည်းပါ။ သူက အမေရိကန် တက္ကစက်ပြည်သား။ ဒီမှာ ပီအိပ်ခ်ျဒီလုပ်နေတယ်။ အဆောင်မှာ နေတယ်။ အမည်က ဂျိန်းစ် တဲ့။ ဂျိန်းစ်ဘွန်းမင်းသားကို သိထားတော့ ခေါ်ရတာ လွယ်ပါတယ်။ သူက ခရစ်ယန် တရားဟော ဆရာ လည်း ဟုတ်တော့ ဘာသာရေးမှာ စိတ်ဝင်စားတာ မဆန်းဘူး။ ပြီးတော့ နိုင်ငံတကာ အတွေ့အကြုံလည်း ရှိတယ်။


ပြီးခဲ့တဲ့ (မနေ့က) ဆန်းဒေးမှာ အကြောင်းအရာ အတော်များများကို ဆွေးနွေးဖြစ်ကြတယ်။ အဲဒီဆွေးနွေးချက်ေ တွ ဖြေရှင်းချက်တွေကို အခြေခံထားပြီး ဒီပို့စ်လေးကို ရေးသွားမှာ ဖြစ်တယ်။ သင်ဘို့စီ စဉ်ထားတာက ဗုဒ္ဓဖလော်ဆိုဖီ၊ အဘိဓမ္မာ ဘာသာရပ်။ ဒါပေမယ့် သင်တန်း အခြေပျိုးတဲ့အနေနဲ့ ဆွေးနွေး မေးမြန်းမှုတွေ လုပ်နေကြတယ်။ မနေ့က သူစမေး တာက- စိတ်ဘယ်မှာ ရှိလဲ ဆိုတာပါပဲ။ သူက အဲဒါကို တိုက်ရိုက် မမေးဘူး။ ဥပမာလေးနဲ့ မေး တယ်။ ငါးနှစ်သား ကလေးတစ်ယောက်က စိတ်ဘယ်မှာ ရှိလဲလို့ မေးလာရင် ဘယ်လို အဖြေပေးရမလဲ တဲ့။ လိုရင်းက စိတ်ဘယ်မှာလဲ ဆိုတာပါဘဲ။ အဲဒီတော့ white book မှာ နာမ် နှင့်ရုပ် mind and matter ကို ရေးပြလိုက်တယ်။ ဒီ mind တွေက သိပ်မြန်တယ်။ တစ်စက္ကန့်အတွင်းမှာ မီလျံနှင့် ချီပြီဖြစ်ပျက်ကြတယ်။ ပုံစံ ဒြပ်မရှိဘူး။ ဒါကြောင့် မမြင်နိုင်ဘူး။ သူတို့က ရုပ်တွေပေါ်မှာ မှီတည်နေကြတယ်။ ဘယ်မှာ ဘယ်လို မှီတည်နေတယ်ဆိုတာကို ဒီစာအုပ်မှာ အသေးစိတ်ရှင်းပြထားတယ်။ တို့လေ့လာေ တာ့ တွေ့ ရလိမ့်မယ်။

တစ်ကမ္ဘာလုံးကို ချုပ်ကြည့်ရင် ရုပ်နဲ့နာမ် ၂ မျိုးကိုပဲတွေ့ရမယ်။ သက်ရှိနဲ့ သက်မဲ့ဆိုပါတော့။ တို့သက်ရှိတွေမှာ ရုပ်နဲ့နာမ် ၂ မျိုးလုံးရှိပြီး သစ်ပင်၊ တောတောင်၊ ရေ မြေ စတဲ့ သက်မဲ့ဝတ္ထု တွေမှာ ရုပ်သက် သက်သာဖြစ်တယ်။

တိရစ္ဆာန်တွေကော ။ (သူက မေးလာတယ်။)

အေးလေ တိရစ္ဆာန်တွေဆိုတာလည်း တို့လူသားတွေနဲ့ အတူတူုပဲပေါ့။ ရုပ် နာမ် ၂မျိုးပေါင်း စပ်ထားတဲ့ သက်ရှိတွေပဲ။ လူနဲ့ တိရစ္ဆာန် ဘာထူးလဲ။ သဘောတရား အခြေခံအားဖြင့် အတူ တူပဲ။ ပုံစံသာကွာသွားတာ။ သူတို့က အလျားလိုက် နေထိုင်သွားလာကြတယ်။ တို့က ဒေါင်လိုက် မတ်တပ်။ သူတို့လည်း စားကြ၊ အိပ်ကြ၊ ချစ်ကြ ကြိုက်ကြ၊ ရန်ဖြစ်ကြ။ တို့ လူသား တွေလည်း စားကြ၊ အိပ်ကြ၊ ချစ်ကြ၊ တိုက်ကြ ခိုက်ကြ၊ ဖိုက်ကြတာပဲ။ ဘာများ ထူးလို့လဲ။ ဆိုလိုတာက သူတို့လည်း ရုပ်နာမ်၊ တို့လည်း ရုပ်နာမ်၊ ရုပ်နာမ်ချင်း အတူတူပဲ ဆိုတာပါပဲ။ ဒါပေမယ့် ထူးတာကတော့ အရည်အသွေးပဲ။ တို့လူသားတွေက တီထွင်ကြံဆ လုပ်ကိုင်လာ လိုက်တာ တစ်ခြားကမ္ဘာ့ဂြိုဟ်ကိုတောင် ရောက်အောင် သွားနိုင်နေကြပြီ။ ဒါပေမယ့် တိရစ္ဆာန်ကမ္ဘာမှာ အခုချိန်အထိ အ၀တ်မ၀တ်တတ်သေးဘူး။ နေစရာ၊ စားစရာ မရှိကြသေး ဘူး။ တီထွင်ကြံဆမှုလည်း မရှိကြသေးတော့ သူတို့ဟာ အခုချိန်အထိ တောထဲက ထွက်မလာ နိုင်ကြသေးဘူး။ ဒါဟာ စိတ်ရဲ့ အရည်အသွေးတွေပဲ။ တို့လူသားတွေတောင် တစ်ယောက်နဲ့ တစ်ယောက် အရည်အချင်းချင်း မတူကြတာ အထင်အရှားပဲ။ ဥပမာ မင်းက ပီအိပ်ခ်ျဒီ ကျောင်းသား၊ ငါက အမ်အေ ကျောင်းသားဆိုတော့ အရည်အသွေးချင်း၊ အတွေ့အကြုံ ချင်းကွာတာပေါ့။ ဒီစိတ်တွေက မြစ်ရေထဲက ရေတွေလို အဆက်မပြတ် စီးဆင်းနေကြတယ်။ ဒါကို ဗုဒ္ဓက လွန်ခဲ့တဲ့ နှစ် ၂၅၀၀ လောက်ကတည်းက အခိုင်အမာပြောထားတယ်။ အနောက်တိုင်း ဒဿနိက ပညာရှင် အတော်များများကလည်း ဒါကိုပဲ အတည်ပြုပြောကြ တယ်။ ပြီးတော့ သိပ္ပံကလည်း ဒါကို လက်ခံတယ်။ စိတ်တွေက တစ်ခုပြီး တစ်ခု အဆက်မပြတ် သွားနေတယ်။ ဒါပေမယ့် ပုံစံမတူဘူး။ လုပ်ငန်းဆောင်ရွက်တာချင်း မတူဘူး။ တို့သက်ရှိတွေဖြစ်နေတဲ့ စိတ်အစဉ်ကို ဒီစာအုပ်မှာ အသေးစိတ်ပြထားတယ်။ အခု သဘောလောက် အရင်ပြောကြည့်မယ်။

ပ -စ -သမ် -သန်- ၀ု -ဇ-တ

ဒါဟာ တို့ဖြစ်နေတဲ့ စိတ်အစဉ်ပဲ။ မြတ်စွာဘုရားမှာလည်း ဒီစိတ်အစဉ်ပဲ။ တို့လည်း ဒီစိတ် အစဉ်ပဲ။ တိရစ္ဆာန်၊ လူသားတွေမှာ ဒီစိတ်ဖြစ်စဉ်တွေက အတူတူပဲ။ စိတ်အရည် အသွေးသာ ကွာခြားသွားတာ။ အေး ထူးခြားချက်ရှိတာကိုတော့ မြင်အောင် ကြည့်တတ်ရမယ်ပေါ့။

မင်းက ပြောတယ် လူတွေနဲ့ တိရစ္ဆာန်တွေဟာ ချစ်ခြင်း နဲ့ မုန်းခြင်းကြားမှာ ရှိနေတာခြင်း တူတယ်လို့ ပြောတယ်။ တစ်ခြား အနေအထားကော မရှိနိုင်ဘူးလား။

ဒါက တို့မှာ အဖြစ်များ တဲ့ ယေဘုယျ သဘောတရားကို ငါပြောတာပါ ။ တစ်ခြား စိတ်အခြေ အနေတွေ လည်း တို့မှာ ရှိပါတယ်။ ဥပမာ အခု တို့ သင်တန်းမှာ ပြောဆို ဆွေးနွေး နေကြတာ မျိုးပေါ့။ ချစ်ခြင်း(တပ်မက်ခြင်း) မရှိသလို မုန်းခြင်းလည်း မရှိဘူးလေ။ ဒါကို ဒီကျမ်း စာမှာ ကောင်းတဲ့ ကုသိုလ်စိတ်လို့ ခေါ်တယ်။ တို့စိတ်တွေကို ကောင်းမကောင်း နှစ်မျိုးခွဲလို့ ရတယ်။ မကောင်းတာတွေကတော့ တက်မက်ခြင်း(လောဘ)၊ မုန်းတီးခြင်း( ဒေါသ) နှင့် မသိနား မလည်ခြင်း(မောဟ) တို့ဖြစ်ကြတယ်။

စိတ်တွေကို ကောင်း မကောင်းခွဲတာဟာ ဟာသတစ်ခု ဖြစ်မနေဘူးလား။ ဥပမာ ကလေးတစ် ယောက် သူ့အမေနှင့် လမ်းလျှောက်ထွက်လာတယ်။ လူနှစ်ယောက်က လမ်းပေါ်မှာ စကားများပြီး ဖိုက်တင် ချနေကြတယ်။ ဒါကို အမေလုပ်သူက သူ့သားကို ပြောတယ်။ ငါ့သား ထိုးတာနှက်တာဟာ မကောင်းဘူးနော်။ အဲဒါမျိုး မလုပ်ရဘူး သိလား လို့ ပြောတယ်။ နောက်တစ်နေ့မှာ ကလေးက တရုပ်သိုင်းကားကို ကြည့်တယ်။ တရုပ် ရှောင်လင် ဘုန်းကြီးတွေက ဖိုက်တင်ချနေတာကို မြင်ပြီး ကလေးရဲ့အတွေးမှာ ဖိုက်တင်ချ တာ ကောင်းပါလားဆိုပြီး တွေးမိသွားပြန်တယ်။ ဒါကြောင့် ကောင်းမကောင်း ဆိုတာ ဘယ်လိုခွဲလို့ ရမလဲ။ ခွဲခြားရင် ရီစရာဖြစ်မနေဘူးလား။

ကောင်းမကောင်းဆိုတာ လူနဲ့မဆိုင်ဘူး။ action လုပ်ဆောင်မှုနဲ့ဆိုင်တယ်။ နောက်ပြီး attention စိတ်နေစိတ် ထားနဲ့လည်း ဆိုင်တယ်။ မင်းကို ငါလက်နဲ့ ရိုက်မယ်၊ ဒါ ကောင်းသလား မကောင်းဘူးလား။ ဒါပေမယ့် မင်းကို ငါခင်လို့ ရိုက်ပုတ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ထားပါတော့ သတ်တဲ့ လှုပ်ရှားမှု၊ ခိုးတဲ့ လှုပ်ရှားမှု၊ လိမ်ညာတဲ့ လှုပ်ရှားမှုေ တွက ကောင်းသလား မကောင်းဘူးလား။

မကောင်းပါဘူး။

ဒါပေါ့။ ဒါဟာ သဘာဝတရားတစ်ခုပဲ။ ဘာသာရေး မဟုတ်ဘူး။ အချို့က သတ်တာကို ကောင်းတယ်ထင်ပြီး သတ်နေကြတာ တို့ကမ္ဘာကြီး ငြိမ်းချမ်းမှုတွေ ပျောက်နေတာ မင်း အသိပဲလေ။ ဒါကြောင့်မို့ လှုပ်ရှားမှု တိုင်းမှာ ကောင်း မကောင်း နှစ်မျိုးဆီ ရှိတာကို လက်သင့်ခံရမယ်။

မစ်စတာ ဂျိန်းစ်၊ ကောင်းကောင်း နားမလည်ရှာပါ။ ထို့ကြောင့် စာရေးသူရဲ့ အဖြေကို ဘ၀င်မကျနိုင်ရှာ။

ဒီမှာ ရဟန်းတစ်ရာ နေမယ်။ အစောင့်တစ်ယောက် ရှိတယ်။ လူသတ်သမားတစ်ယောက် လာပြီး ရဟန်းတွေကို သတ်မယ်။ ဒါပေမယ့် အစောင့်က အဲဒီ လူသတ်သမားကို သတ်ပစ် လိုက်တယ်။ ရဟန်းတစ်ရာ အန္တရာယ် ကင်းသွားတယ်။ အဲဒီ အစောင့်ရဲ့ သတ်ဖြတ်မှု ကို ကောင်းတယ်လို့ ပြောမလား၊ မကောင်းဘူးလို့ ပြောမလား။

ဒါက သတ်ဖြတ်ခြင်းဟာ မကောင်းတဲ့အလုပ်ပဲ ဆိုတဲ့ စကားကို ငြင်းဆန်တဲ့ သဘောနဲ့ ပြောလာတဲ့ စကားမှန်း သိသာတယ်။

မင်းက ကောင်းတယ်လို့ ပြောချင်တာလား။

ငါကတော့ သူ့ကို ဂုဏ်ပြုမှာပဲလေ။ သူကာကွယ်လိုက်လို့ ဒီရဟန်းတွေ မသေတာ။

ထားပါတော့။ ဒီအခြေအနေကို တို့ ဖြေးဖြေးချင်း ချဉ်းကပ် အဖြေရှာရအောင်။ သူ(အစောင့်) က ဒီလူသတ် သမားကို သတ်ချင်လို့ သတ်တာလား။ မသတ်ချင်ပဲနဲ့ (အခြေအနေ အရ) သတ်ရတာလား။ ဒါကို တို့ စဉ်းစားရ မယ်။ ငါထင်ပါတယ်။ ပထမ အဆင့်အနေနဲ့ ဒီလူကို သူ တားမယ်။ ဆီးမယ်၊ ဖမ်းမယ်။ ချုပ်မယ်ပေါ့။ မသတ်မိအောင် နည်းလမ်းတွေ အများ ကြီး ရွေးခဲ့လိမ့်ယ်။ (ရွေးရလိမ့်မယ်)။ သတ်တာဟာ နောက်ဆုံး (မဖြစ် သာတဲ့) အဆင့်ဆိုတာ တွေးလို့ ရပါတယ်။ ဒါဟာ ဘာလဲဆိုတော့ သတ်တဲ့ အမှုဆိုတာ တကယ့်ကို မကောင်းဘူး ဆိုတာ သိနေလို့ပဲ။ ဒါမှ မဟုတ် ဘေးက လူကလည်း ဒီလူကို လာသတ်မှာပေါ့။ ခုတော့ တာဝန် ရှိသူကသာ ပြုလုပ်သွားတယ်ဆိုတော့ လူမှုအသိုင်းအ၀ိုင်းမှာ သတ်တာကို အားမပေးဘူးဆို တာ ပေါ်လွင်ပါတယ်။

ဒီလူကို သတ်လိုက်တာ မကောင်းဘူးပေါ့။

သတ်တာ ကောင်းတယ်လို့ မင်း ဘယ်လို သက်သေပြနိုင်မှာလဲ။ ကောင်း မကောင်းဆိုတာ ပုဂ္ဂိုလ်နဲ့ မဆိုင်ဘူး။ သူ့ရဲ့အပြုအမူနဲ့ ဆိုင်တယ်။ ဒါကြောင့် သတ်တဲ့အမှုဟာ ဘယ်လိုပဲ တွက် တွက် မကောင်းတာကတော့ မကောင်းတာပါပဲ။ ကောင်းတယ်ဆိုရင် လူတိုင်း သတ်ဖြတ်နေ မှာပေါ့။ နောက်ပြီး ဒီလူဘက်က ကြည့်ရင်လည်း သူတာဝန်ကို သူဆောင်ရွက်သွားတာမို့ (မင်းတွေးသလို) အပြစ်ပြောစရာတော့ မဟုတ်ဘူး။ နောက်ပြီး တစ်ဖက်လူက ကာကွယ်ရင်း သေသွားတာလား။ အမှတ်တမဲ့ လက်လွန်သေသွားတာလား ဆိုတာတွေကလည်း ရှိသေး တယ်လေ။

မစ်စတာ ဂျိန်းစ်ကို ဒီထက်ပိုပြောလို့ မရတော့ဘူးဆိုတာ သိတယ်။ ဒီထက် လေးနက်တဲ့ ဗုဒ္ဓဘာသာရဲ့ သဘော တရားတွေကို ပြောနေလည်း နားလည်နိုင်တဲ့ အနေအထား သူ့မှာ ရှိမှာ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။

Monday, July 4, 2011

ဆန်းဒေးစကူး (၂)

'' ဒါပေါ့။ မင်းတောင် ဒီလောက်ခက်နေရာ ၀န်ကြီးချုပ်အတွက်ကတော့ ပြောစရာမရှိတော့ဘူး။ သင်္ဂါယနာတင် မထေရ်တွေဆိုတာ တကယ့်ဒိပ်ဒိပ်ကြဲ ရဟန္တာအရှင်မြတ်တွေပဲ။ သီကျူးကြမယ်လို့ ယောင်လို့တောင် မတွေး သင့်ဘူး။ မင်းနားလည်ပြီလား။''

'' အင်း သဘောပေါက်ပါပြီ။ ''

'' ဒါပေါ့။ ဘုရားက ပလုတ (ဂီတ) သံကို တားမြစ်တော်မူခဲ့တယ်။ အထူးအားဖြင့် သူ့တပည့် ရဟန်းတော် များအတွက်ပေါ့။ အဲဒီတော့ ပြန်ဆက်ကြစို့။ မြန်မာရဟန်းတော်တွေဟာ Chanty ရွတ်တဲ့အခါမှာ အခြားနိုင် ငံများလို ညီညီညွတ်ညွတ် မရှိကြတာဟာ ဒီအချက်ပဲ။ အသံညီတာ ကာင်းပါတယ်။ ဒါကြောင့်မြန်မာ ဘာသာရေး ခေါင်းဆောင်တွေ အသံညီိဘို့ ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ နောက်တစ်ခုက ဗုဒ္ဓဘာသာမှာ ရွတ်ဆို ဆုတောင်း မှုတွေက အဓိက မကျဘူး။''

'' အင် ဟုတ်လို့လား''

မစ်စတာ ဆန်ဂျေးတို့ နှစ်ယောက် အံ့အားသင့်သွားကြတယ်။ မယုံနိုင်သော မျက်လုံးများဖြင့် စာရေး သူရဲ့ ရှေ့ဆက်လာမယ့်စကားကို စောင့်မျှော်နေကြတယ်။ စာရေးသူရဲ့ လမ်းခွဲ စကား ကို သူတို့ အံ့အား သင့် သွားကြတယ်။

'' ဟုတ်လို့လား ''

'' မစ်စတာ ဆန်ဂျေးရဲ့ အသံ။ မစ်စတာ ဂျိန်းစ်ကတော့ မတုန်မလှုပ်ကျောက်ရုပ်။ သူတို့ ခရစ်ယာန်မှာက ရွတ်ဆို ဆုတောင်းမှုက အဓိက မဟုတ်လား။ စာရေးသူက မစ်စတာ ဂျိန်းစ် ကို မေးခွန်းထုတ်လိုက်တယ်။''

'' Religion = ဘာသာရေး ဆိုတာဘာလဲ ''

မစ်စတာ ဂျိန်း မျက်နှာ အနည်းငယ် နီသွားတယ်။ သူ့အတွက် ကြိုတွေးမထားတဲ့ မေးခွန်းဖြစ် လိမ့်မယ်။ ပြီးတော့ သူက ခရစ်ယန်တရားဟော ဆရာတစ်ယောက်မဟုတ်လား။ သူကြိုး စားပြီး ဖြေပါတယ်။ အချုပ်က ဒီအတိုင်း ထွက်လာတယ်။

'' ဘာသာရေးဆိုတာ ပေါင်းစည်းညီညွှတ်မှုကို ဖြစ်စေတာကို ပြောတာပဲ ''

စကားသံနားထောင်လိုက်တာနဲ့ သူ ဒီစကားလုံးကို ကောင်းကောင်း မသိဘူးဆိုတာ ထင်ရှား တယ်။ ဒါကြောင့် အနည်းငယ် မျက်နှာပျက်သွားတာပေါ့။

'' မင်းပြောတာ ငါလက်ခံပါတယ်။ ဘာသာရေးကြောင့် ပေါင်းစည်းညီညွတ်မှုတွေ ဖြစ်တာ။ ဒါပေမယ့် သူ့ညီ ညွတ်မှုက အုပ်စုပေါင်းများစွာကို ဖြစ်စေတာ ဆိုတော့ တစ်ဖက်မှာလည်း မညီ ညွတ်မှု ကို ဖြစ်စေတယ် လို့ ကော ပြောလို့ မရဘူးလား။ ဒါကြောင့် အချို့က ဘာသာရေး ဟာ လူမှုအဖွဲ့အစည်း ကို ရှုပ်ထွေးအာင် လုပ် သလို ဖြစ်နေလို့ အမှိုက်တစ်မျိုး ပဲလို့ပြောကြတာပေါ့။''

မစ်စတာ ဂျိန်းစ်အဖြေကို အားမရလို့ ကိုယ်တိုင် အဖြေပေးဘို့ရန်အတွက် white board မှာ belief, worship, pray ကို ရေးလိုက်တယ်။ ''

'' အဘိဓာန်မှာ ပြောထားတယ်။ religion ဆိုတာ ၁။ belief -ယုံကြည်ရမယ် ၂။ worship ၀တ်ပြုရမယ်။ ပြီးတော့ ၃။ pray ဆုတောင်းရမယ်။ ဘာသာတရားဆိုတာ ဒါပဲလို့ ပြတယ်။ ဒီထက် မပိုတော့ဘူး။ '' (အဘိဓာန်တွင် ထိုအားလုံးသည် ဂေါ့ဒ်ကိုသာ ဦးတည်ပြောထား)

'' အခုပြောတာ ငါ့အယူအဆမဟုတ်သလို မင်းအယူအဆလည်း မဟုတ်ဘူး။ English dictionary မှာ လာတဲ့အတိုင်း ငါပြောပြတာ (မစ်စတာ ဂျိန်းစ်က ဘာညာပြောနေ၍ ခပ်တင်းတင်းပြောရ)။ ဘာသာတိုင်းဟာ ဒီအတိုင်းပဲ သွားနေကြတာ။ ဒါပေမယ့် ဗုဒ္ဓဘာသာ ကတော့ ဒီလို မဟုတ်ဘူး။ ဗုဒ္ဓဘာသာမှာ အဓိကက Practice လက် တွေ့ ကျင့်ကြံ အား ထုတ်မှုပဲ။ တကယ့် ငြိမ်းချမ်းမှုကို ရဘို့ဆိုတာ ယုံကြည်နေရုံလေးနဲ့ ဆုတောင်း နေရုံလေးနဲ့ မဖြစ်နိုင်ဘူးဆိုတာ မင်းတို့သိပါတယ်။ ဒါကြောင့် လက်တွေ့ ကျင့်ကြံ အားထုတ်မှုဟာ တို့ဘ၀အတွက် မဖြစ်မနေ လိုအပ်တယ်ဆိုတာ ထင်ရှားပါတယ်။''

'' ဗုဒ္ဓဘာသာမှာလည်း ယုံကြည်မှု ရှိတယ်မဟုတ်လား။ ယုံကြည်မှု၊ ဒဿန ပြီးတော့ ကမ္မ။''

မစ်စတာ ဂျိန်းစ်က အိန္ဒိယဖလော်နဲ့ စာတမ်းလုပ်နေတာဆိုတော့ ဖလော်ထဲကဟာတွေကို ဆွဲထုတ်ပြလာတယ်။ ဒီထဲမှာ ကမ္မဆိုတာပါလာတယ်။ ကံကို နောက်ဆုံးထားလာတာဆိုတော့ ပြောစရာဖြစ်သွားတယ်။

'' ကံအကြောင်းကို ပြီးခဲ့တဲ့ ဆန်းဒေးမှာ ငါပြောခဲ့တာပဲ။ ကံဆိုတာ ကိုယ် နှုတ် စိတ် သုံးမျိုး။ ဒီမှာကြည့် ဆုတောင်းနေတာ ကိုယ်နှုတ်စိတ် action တွေပဲ မဟုတ်လား။ ဒီတော့ ကံက အချိန်တိုင်းမှာ လှုပ်ရှားမှုတိုင်းမှာ ရှိနေတာ ထင်ရှားပါတယ်။ နောက်ဆုံးမှ လာတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ''

'' ဗုဒ္ဓဘာသာမှာလည်း ယုံကြည်မှုရှိရတယ် မဟုတ်လား''

မစ်စတာ ဂျိန်းစ်ရဲ့အမေး။ သူများများ မမေးနိုင်မှန်းသိတယ်။ စာရေးသူက belief နားမှာ knowledge (wisdom) ကို ရေးလိုက်တယ်။ သူ့ note book မှာ ချက်ချင်းရေး မှတ်လိုက်တာ ကို တွေ့လိုက်တယ်။

'' ဗုဒ္ဓဘာသာမှာ ယုံကြည်မှုရှိတယ်။ ဒါပေမယ့် ယုံကြည်မှု တစ်ခုတည်းကို ပြောမထားဘူး။ ယုံကြည်မှုကို အသိညဏ်နဲ့ စိစစ်ဘို့ ပညာဆိုတာကိုလည်း ပြောထားတယ်။ ဘာလို့လဲ ဆိုတော့ ယုံကြည်မှုက သူ့ချည်းသက်သက်ဆို အန္တရာယ်များလို့ပဲ။ ဗုဒ္ဓကပြောတယ်။ တို့မှာ လက်၂ ဘက်ရှိတယ်။ တစ်ဖက်ညစ်နေရင် တစ်ဖက်နဲ့ ပွတ်တိုက်ဆေးကြောရတယ်။ သန့်ရှင်းဘို့အတွက် လက် ၂ဘက်ရှိဘို့ လိုအပ်တယ်။ ဒီလိုပဲ တို့အယူအဆတွေ သန့်ရှင်းဘို့ မှန်ကန်ဘို့ ယုံကြည်မှု=belief နဲ့ ပညာ=knowledge (wisdom) ၊ ပညာ=knowledge (wisdom) နဲ့ ယုံကြည်မှု belief ၂ ခုလိုအပ်တယ်လို့ မိန့်ခဲ့တာပဲ။''

မစ်စတာ ဂျိန်းစ် ဒူးနှစ်ဘက်တုပ်ပြီး ထိုင်လိုက်တာကို တွေ့ရတယ်။ သူ့သဘောတွေ့ပြီး လက်ခံ တဲ့အခါမျိုးမှာ လုပ်တတ်တဲ့ အမူအရာ တစ်ခုဖြစ်တာကို သတိပြုမိတယ်။ စာရေးသူရဲ့ ဆိုလို ချက်ကို အဆုံးသတ်ရပါတော့မယ်။

'' ဒီမှာ ပြောချင်တာက ဗုဒ္ဓဘာသာဟာ အများယူဆထားတဲ့ religion တစ်ခု မဟုတ်ဘူး ဆို တာပဲ။ ''