Sunday, September 19, 2010

ပါဠိနေ့တွင် ဖတ်ကြားသည့် ပါဠိစာတမ်းငယ်



၁၇- ၉-၂၀၁၀ နေ့က အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ်တွင် ၃ ကြိမ်မြောက် ဆင်ယင်ကျင်းပအပ် သည့် ပါဠိအထိမ်းအမှတ်နေ့တွင် မြန်မာ ရဟန်းတော် အရှင်ကုသလ ပါဠိစာတမ်းဖတ်ကြားစဉ်



ပါဠိဒိဝသော

အယံ ကာလော သုမင်္ဂလော ။

အဇ္ဇ ပါဠိဒိဝသော ပန ဗုဒ္ဓ၀ေဿ ပဉ္စပညာသာဓိကေ ဒွိသဟဿပဉ္စသတေ ၀ဿန္တဥတု ဘဒြမာသဇုဏှပက္ခန၀မီယံ သုက္က၀ါရေ ---ဃဋိယံ ---၀ိဃဋိယံ--အနုဃဋိယံ ဟောတိ။

မယံ ပူနေးနာမ တက္ကသိလာယံ ၀ိရစိတံ ၀ိသေသဘူတံ ဣမံ ပါဠိသဘံ အာဂစ္ဆန္တာနံ အာစရိယာနံ စ သိဿာနံ စ ၀ိသေသတော ပဋိမန္တိကာနံ အတိထိနံ စ အာရောဂျတ္ထာယ ၀ါ အဘယတ္ထာယ ၀ါ ကာယစိတ္တသုခတ္ထာယ ၀ါ ပတ္ထယာမ။

အဓုနာ ဣမာယ ပါဠိသဘာယံ ပါဠိဘာသံ ကထိတုံ ဩကာသံ လဘိတွာ စ သဗ္ဗေ သပ္ပုရိသဘူတေ တုမှေ ပဿိတွာ စ အတိဝိယ ပမောဒါမ။

အဟံ ပန မရမ္မရဋ္ဌတော ဗုဒ္ဓသာဝကေသု ဘိက္ခုသမူဟေသု အညတရော အာယသ္မာ ကုသလော နာမ ဟောတိ။ ဣမံ ဣန္ဒြိယရဋ္ဌံ ပါဠိဘာသံ ၀ါ ဘာသန္တရံ ၀ါ ပရိယာပုဏိတုံ စေ၀ ဥဂ္ဂဏှိတုံ စ အာဂစ္ဆိံ။

ဣဒါနိ ပန ပူနေးနဂရေ ပူနေးနာမ တက္ကသိလာယံ ပါဠိဌာနေ ဒုတိယသံဝစ္ဆရေ အမ်အေ ၀ှယာယံ အာလိယံ အာစရိယာနံ စေ၀ ပါမောက္ခာနံ စ သန္တိကေ ဗုဒ္ဓ၀စနံ ဘာသန္တရဘူတာယ အင်္ဂလိသဘာသာယ ဂဏှာမိ။

အမှာကံ ပါဠိဌာနေ နာနာရဋ္ဌတော စေ၀ နာနာနဂရတော စ အာဂန္တွာ နာနာဒေသိယသိဿာ နာနာသိပ္ပံ ဥပစိနန္တိ စေ၀ ဥဂ္ဂဏှန္တိ စ။ ဣဒါနိ တေ သိဿာ ပညာသာဓိကာ သတာ ဟောန္တိ။

အာစရိယာ ပန ဣဓ စုဒ္ဒသ ဟောန္တိ။ တေသု ပန အာစရိယေသု ဒေ၀ကာ နာမ ဒိသာပါမောက္ခော စ ပရဒီ ဂိုခလေ နာမ ပါမောက္ခော စ ပိင်္ဂလဒေ၀ီ နာမ ပါမောက္ခာ စ နိမလ ကုလာကနိဒေ၀ီ နာမ ပါမောက္ခာ စ လတာ ချတရာဒေ၀ီ နာမ ပါမောက္ခာ စ ဆန်းဂျေး -တန်ဘဂိတ်နာမ အာစရိယော စ ဥဇ္ဖောကုမာရော နာမ အာစရိယော စ အနုရုဒ္ဓါ နာမာဒိ အာစရိယာ စ ဟောန္တိ။

တေ အာစရိယာ သကသက၀ိသယေသု ကုသလာ ဟုတွာ သိဿာနံ သုဋ္ဌု သိက္ခာပေန္တိ ၀ိညာပေန္တိ။ အထစာပရံ တေ အာစရိယာ သပုတ္တဘရိယေဟိ ဂဟဋ္ဌ၀ိနယံ ပူရယန္တာ နိစ္စံ ပဉ္စသီလံ ရက္ခန္တာ ဂေဟေ နိဝသန္တိ။ တသ္မာ အပရေ မနုဿာ သန္တာ သပ္ပုရိသာတိ ၀ဒန္တိ။

ပါဠိဌာနေ သိဿကာ ဗုဒ္ဓပါဝစနသင်္ခါတံ တေပိဋကံ သဗ္ဗေနသဗ္ဗံ မုချတ္ထေန သိက္ခန္တိ စေ၀ ဥဂ္ဂဏှန္တိ စ။ တေသု ပန ပိဋကေသု အဘိဓမ္မပိဋကော အတိသုခုမော စေ၀ အတိဂမ္ဘိရော စ ဟုတွာ သိက္ခာပေတုံ အတိဒုက္ကရော စ။ တသ္မာ ပုဗ္ဗကာလေ တံ ပိဋကံ ၀ိတ္ထာရေန န သက္ကာ ဥဂ္ဂဏှာပေတုံ။ ဣဒါနိ ပန ပစ္စက္ခကာလေ အဘိဓမ္မတ္ထသင်္ဂဟံ တဿ သံဝဏ္ဏနာဘူတေန အဘိဓမ္မတ္တ၀ိဘာဝိနီနာမိကာယ ဋီကာယ သဒ္ဓိံ သိက္ခာပေန္တိ။ တသ္မာ အဓုနာ ပါဠိဌာနံ အတိဝိယ ပရိပုဏ္ဏံ ၀ိဇ္ဇာလယဌာနံ ဟောတိ။

အနာဂတကာလေ ပန ဣမသ္မိံ ပါဠိဌာနေ အဘိဓမ္မပိဋကော အဓိကဘာသာ ဟုတွာ နာနာရဋ္ဌတော သိဿကာ စ အညေ မနုဿာ စ သိဂ္ဂဏှိတုံ စေ၀ သာကစ္ဆိတုံ စ ဣဒံ ပါဠိဌာနံ အာဂမိဿန္တိ။

ကိဉ္စာပိ ဣဒါနိ အမှာကံ သမ္မာသမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော ဟုတွာ သာဇီဝသမ္မာသမ္ဗုဒ္ဓံ ဒဿိတုံ ဩကာသံ န လဘန္တိ။ အထ ခေါ ပန ဣမသ္မိံ လောကေ ဗုဒ္ဓပါဝစနဘူတာနိ စတုသဟဿာ-ဓိကာနိ အဋ္ဌသတသဟဿာနိ ဓမ္မက္ခန္ဓာ အ၀သိဿန္တိ။ ဗုဒ္ဓကာလတော ဟိ ယာဝဇ္ဖတနာ သာဋ္ဌကထေဟိ တေ ဓမ္မက္ခန္ဓာ အတိသုဒ္ဓါ ကေ၀လပရိပုဏ္ဏာ ဟောန္တိ။ တေ ဧကန္တေန ပန စတုသဟဿာဓိကာနိ အဋ္ဌသတ သဟဿဂဏနဘူတာ သမ္မာသမ္ဗုဒ္ဓါ ဟောန္တိ။ ၀ိသေသတော ဟိ ဧကော ဓမ္မက္ခန္ဓော ဧကော ဗုဒ္ဓေါ ဟောတိ။ တသ္မာ ပစ္စက္ခကာလေ မယံ ဗဟူ သမ္မာသမ္ဗုဒ္ဓေ သဗ္ဗေန သဗ္ဗံ ဒဿိတုံ ပဿိတုံ အတိသုန္ဒရံ ဩကာသံ လဘန္တိ။ တေန ၀ုတ္တံ ဘဂ၀တာ သယံ " ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော ဒေသိတော ပညတ္တော သော ဝေါ မမစ္စယေန သတ္ထာ '' တိ ဒီဃနိကာယေ မဟာဝဂ္ဂပါဠိယံ မဟာပရိနိဗ္ဗာနသုတ္တေ။

အာစရိယာ စေ၀ သိဿကာ စ ဗုဒ္ဓပါဝစနာနိ ၀ိရိယဗလေန ဒိဝသေ ဒိဝသေ သိက္ခာပေန္တိ စေ၀ ဥဂ္ဂဏှန္တိ စ။ တသ္မာ ဗုဒ္ဓ၀စနံ ဥဂ္ဂဏှန၀သေန တေ မယံ သမ္မာသမ္ဗုဒ္ဓံ ဒိဝသေ ဒိဝသေ ဒိဿန္တိ စေ၀ ပဿန္တိ စ။ ယထာ ဗုဒ္ဓေါ ဇေတ၀န၀ိဟာရေ နိစ္စံ ၀ိဟရတိ အမှာကမ္ပိ ပါဠိဌာနေတိ ၀ဒိတုံ ၀ဋ္ဋတိ။ တသ္မာ သမ္မာသမ္ဗုဒ္ဓံ ဒဿိတုံ ဣစ္ဆန္တာစေ၀ သပ္ပုရိသဘူတာ စ သောတုဇနာ ဣမံ ပါဠိဌာနံ အာဂန္တွာ ပရိယာပုဏိတုံ အတိဝိယ ၀ဋ္ဋတိ။

အမှာကံ ဗုဒ္ဓကာလေ မနုဿာ ပါဠိဘာသံ ယေဘုယျေန ၀ဒန္တိ။ စတုသစ္စဓမ္မေ ဒေသိယမာနေ သမ္မာသမ္ဗုဗုဒ္ဓါ စေ၀ ဗုဒ္ဓသာဝကသာဝိကာ စ ပါဠိဘာသယေ၀ ၀ဠေဇေန္တိ။ သာ ပန ပါဠိဘာသာ မူလဘာသာတိ ၀ါ အရိယဘာသာ ဟောတီတိ အာစရိယာ ၀ဒန္တိ။ ကသ္မာ? အရိယပုဂ္ဂလေဟိ ၀ဠဉ္ဖနဘာဝတော စေ၀ ပုထုဇ္ဖနာနံ ပုဂ္ဂလာနံ အရိယဘာဝံ ပါပနတော စ။

နေရုတ္တိကာ ဟိ အာစရိယာ ပါဠိဝစနဿ အတ္ထံ ဧ၀ံ ၀စနတ္ထံ ကရောန္တိ။ ပါတိ ရက္ခတီတိ ပါဠိ။ တေန ၀စနတ္ထေန ပါ ဓာတုတော ဠိ-ပစ္စယဘာဝံ ဒေဿတိ။ တေန ၀ုတ္တံ အာစရိယမောဂ္ဂလာနတ္ထေရေန '' ပါတော ဠီတိ သုတ္တံ'' မောဂ္ဂလာနဗျာကရဏေ။ အယံ ပန ပါဠီတိ ပဒံ ဧကပဒံ ကတွာ ၀ိဘဇတိ။ ဒွိပဒတော ပန ဧ၀ံ ၀စနတ္ထံ ၀ိဘဇန္တိ--ပကဋ္ဌာနံ ဗုဒ္ဓပါဝစနာနံ အာဠိ တန္တီတိ။ ဣဒံ ပန ပ+အာဠီတိ ပဒစ္ဆေဒံ ကတွာ ပကဋ္ဌာနံ အာဠီတိ ၀စနတ္ထံ ကရောန္တိ။ တံ ဒုတိယနယံ ပါဠိဝိဒူ ၀ဏ္ဏေန္တိ ပသံသေန္တိ။

ပရမ္ပရာ ဟိ ဗုဒ္ဓသာဝကာ ဘိက္ခူ ဗုဒ္ဓပါဝစနဿ အတ္ထံ ပါဠိဘာသာယမေ၀ ၀ါစာပယတော ရက္ခန္တိ။ တသ္မာ ပါဠိဘာသာ ပရိသုဒ္ဓေါ အနာကုလော ဂမ္ဘီရတ္ထော ဟောတိ။ နိဗ္ဗာနံ ဟိ အတ္ထိကေဟိ ကုလပုတ္တေဟိ ဗုဒ္ဓပါဝစနံ ပါဠိဘာသံ ဥဂ္ဂဏှိတုံ ပရိယာပုဏိတုံ အရဟတိ။ ကသ္မာ? ဗုဒ္ဓပါဝစနသင်္ခါတာယ ပါဠိဘာသာယ အရိယဓမ္မသင်္ခါတံ နိဗ္ဗာနံ ပါပနတော။ အာစရိယ ကစ္စာယနတ္ထေရော စ ကစ္စာယနဗျာကရဏေ ဧ၀ံ ၀ဒတိ '' အတ္ထော အက္ခရသညာတော။ သဗ္ဗ၀စနာနမတ္ထော အက္ခရေဟေ၀ သညာယတေ၊ အက္ခရ၀ိပတ္တိယံ ဟိ အတ္ထဿ ဒုန္နယတာ ဟောတိ။ တသ္မာ အက္ခရကောသလ္လံ ဗဟူပကာရံ သုတ္တန္တေသု ''

အဓုနာ မမ ၀စနံ နိဋ္ဌာပေဿာမိ။ ဣဒါနိ မမ ၀စနနိဂမနကာလေ သဗ္ဗသတ္တေသု မေတ္တံ စိတ္တံ ဖရိတွာ ဗုဒ္ဓမတ္တညုဿ အာစရိယမဟာဗုဒ္ဓဃောသဿ ဂါထာယော ၀ဒိဿာမိ။

စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရ၀ါ။

သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပ၀ဿတု။

ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။

ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။

အာယသ္မာ ကုသလော

အမ်အေ ဒုတိယသံဝစ္ဆရေ

ပူနေး တက္ကသိလာယံ၊ ပါဠိဌာနေ

ဣန္ဒြိယရဋ္ဌေ၊ မဟာရဋ္ဌဌာနေ

၁၇-၉-၂၀၁၀

Saturday, September 18, 2010

ပါဠိနေ့ အထိမ်းအမှတ် အခမ်းအနား

















၁၇ - ၉- ၂၀၁၀ နေ့ ညနေ ၃း00 နာရီအချိန်တွင် အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် ခမ်းမဆောင် တွင် သာသနာ့အာဇာနည် သီရိလင်္ကာ နိုင်ငံသား အနာဂါရိက ဓမ္မပါလကို ဂုဏ်ပြုသောအားဖြင့် ၄င်း၏ မွေးနေ့ကို ပါဠိနေ့အဖြစ် သတ်မှတ်၍ ဆင်ယင် ကျင်းပအပ်သည့် ပါဠိနေ့အထိမ်းအမှတ်ပွဲသဘင်ကို ပူနေး တက္ကသိုလ် ပါဠိ ဌာနမှ ကြီးမှူး၍ ဆင်ယင်ကျင်းပခဲ့သည်။ ယခုနှစ်သည် အနာဂါရိက ဓမ္မပါလ၏ မွေးဘွားသည့် နှစ် ၁၄၆ နှစ်ဖြစ်ပြီး ပါဠိဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိနေ့အထိမ်းအမှတ်ပွဲသည်လည်း သုံးနှစ်ရာသီသို့ ရောက်ခဲ့ပြီဖြစ်သည်။ ၄င်း ပါဠိနေ့ အထိမ်း အမှတ်ပွဲသို့ အထူးဖိတ်ကြားထားသော မဟာရဋ္ဌ စတိတ် ၀န်ကြီး မစ္စတာ R.M. Misal , သီရိလင်္ကာနိုင်ငံ ကိုလန်ဘို တက္ကသိုလ်မှ ဒေါက်တာ အာသင်္က တေလကရ ရတန။ ပါဠိဌာနမှ ဆရာ ဆရာမများ။ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို ရှေ့ပိုင်း နောက်ပိုင်း ၂ ပိုင်းခွဲ၍ ကျင်းပရာ ရှေ့ပိုင်းတွင် ပါဠိစာပေဆိုင်ရာ ဗဟုသုတ မေးခွန်းများ မေးမြန်းသည့် အစီအစဉ်နှင့် ပါဠိအကြောင်း သိကောင်းစရာ ဟောပြောခြင်း အစီအစဉ်တို့ပါဝင်သည်။ ထိုအစီအစဉ်တွင် မြန်မာနိုင်ငံမှ ရဟန်းတော် အရှင် ကုသလ က ပါဠိစာပေဆိုင်ရာ အကြောင်းအရာ များ ကို ပါဠိဘာသာဖြင့် ရေးဖွဲ့ထား သည့် ပါဠိဆောင်းပါး တစ်စောင် ကို ရှေးဦးစွာ ဖတ်ကြားတင်သွင်းသည်။

အခမ်းအနား ဒုတိယပိုင်းကို ညနေ ၆း ၀၀ နာရီတွင် စတင်ကျင်းပရာ ဘုရားဆင်းတုတော်အား ပန်းရေချမ်း ဆီမီးဆက်ကပ်လှူဒါန်းခြင်း၊ အထူး ဖိတ်ကြားထားသည့် ၀န်ကြီး၊ ပါမောက္ခ အာသင်္ကတို့အား လက်ဆောင် ပစ္စည်း များ ပေးခြင်း။ ပါဠိဌာနမှ အတန်းအလိုက် ပထမ အဆင့်ဖြင့် အောင်မြင်သော ကျောင်းသား ကျောင်းသူများ အား အောင်လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်း အစီအစဉ်များကို ပြုလုပ်သည်။ ထို့နောက် ပါမောက္ခ အာသင်္က၏ ဟောပြောမှု၊ ၀န်ကြီး၏ ဟောပြောမှု၊ ပါဠိဌာန အကြီးအကဲ ဒေါက်တာ ဒေ၀ကာ၏ ပါဠိ အင်္ဂလိပ် မာရတီ သုံးဘာသာဖြင့် ဟောပြောမှု အစီအစဉ်များကို ဆက်လက်ပြုလုပ်သည်။ ထို့နောက် ပါဠိဌာန ကျောင်းသားကျောင်းသူများ၏ ဇာတ်သရုပ်ကပြ ဖျော်ဖြေမှု အစီအစဉ်ဖြင့် ပါဠိနေ့ အထိမ်းအမှတ် အခမ်းအနားကို ည ၈း၃၀ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်း လိုက်သည်။

Friday, September 10, 2010

အဘိဓမ္မာသင်ရအောင်(၁၆)

သင်တန်းမှာတော့
စာရေးသူရဲ့ သင်တန်းမှာတော့ ဒီလိုသင်တယ်။ (က) ပါဠိဖတ်၊ (ခ) အင်္ဂလိပ် ဘာသာပြန်၊ (ဂ) အဓိပ္ပါယ် ရှင်းလင်းပြောပြ၊ (ဃ) အကျယ်တ၀င့်ဆွေးနွေး၊ (င) ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို ချပြပေးတယ်။ အားလုံးက ကိုရီးယား၊ ဂျပန်၊ ဂျာမာန်၊ အိန္ဒိယ စတဲ့ နိုင်ငံခြားသားများချည်းဖြစ်လေတော့ အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောပြ ပေးရတယ်။ သင်တန်းချိန်မှာ မေးခွန်းတွေ အဖြေတွေ၊ ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေနှင့် အတော်လေးကို စိုစိုပြေပြေရှိလှပါတယ်။

နမောတဿ ဘုရားရှိခိုး
သင်တန်း မစမီမှာ အားလုံး နမောတဿ သုံးကြိမ် ရွတ်ဆိုပြီးတော့ ဘုရားကန်တော့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးမှု အစဉ်အလာတစ်ခုကို ထိန်းသိမ်းရာရောက်လို့ ဖြစ်တယ်။ ဟုတ်တယ် ဒီအစဉ်အလာက စာပေ သင်ကြားမှုမှာ သိပ်အရေးပါတယ်။ နမောတဿ ရွတ်ဆိုတဲ့အချိန်မှာ ကုသိုလ်စိတ်ဖြစ်တယ်။ ကုသိုလ်ရတယ်ဆိုပါတော့။ အဲဒီကုသိုလ်(စိတ်) က ရွတ်ဖတ်သူကို ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ ဒီနေရာမှာ ဆရာရော တပည့်ပါ လိုချင်တဲ့ အကျိုးတရားက အန္တရာယ်ကင်းစွာနဲ့ သင်ယူမယ့်ကျမ်းစာကို ပြီးဆုံးတိုင် သင်ယူနိုင်ခြင်းဆိုတဲ့ အကျိုးတရားဖြစ်တယ်။ ဒါကြောင့် အန္တရာယ်ပျောက်ကင်း ကျမ်းပြီးခြင်း အကျိုးငှာ ကျမ်းစာ သင်ယူ မှုရဲ့အစမှာ ဘုရားရှိခိုးခြင်းဖြစ်တယ်လို့ အစဉ်အလာ ပြောဆိုမှု ရှိခဲ့တယ်။ အဋ္ဌကထာ ဋီကာကျမ်းစာများမှာ ကျမ်းဦးပဏာမ အနေနဲ့ ဘုရား တရား သံဃာနှင့် ဆရာသမားတွေကို တစ်လေးတစ်စား ကန်တော့ပန်းဆင်ထားတာ ရွှန်းရွှန်းကို ဝေနေတာပဲ။ ပိဋကတ်ကျမ်းစာ စာအုပ်တိုင်းရဲ့ အဖွင့်စာမျက်တိုင်းမှာ နမောတဿ ပါရှိနေတာကို သတိပြုမိလိမ့်မယ်။ ဆိုလိုတာက ကျမ်းစာရေးသားမှု သင်ယူမှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်တဲ့ (ဖျားတာ နာတာ စာသင်ချိန်ဧည့်သည်လာတာကအစ)မည်သည့် အန္တရာယ် အနှောက်အယှက် မျိုးမဆို မလိုလားဘူး။ အဲလို အန္တရာယ်ကင်းမှလည်း ကျမ်းစာကို လွယ်လွယ် ကူကူ ပြီးဆုံးတိုင် သင်ယူရေးသားနိုင်မယ်လေ။ ဒါကြောင့် ကျမ်းဦးအစမှာ သင်တန်းမစမီမှာ ရတနာသုံးပါး အမြတ်ဆုံးထား ရှိခိုးသမှုပြုကြတာပေါ့။

Tuesday, September 7, 2010

အဘိဓမ္မာသင်ရအောင်(၁၅)

သဂြိုဟ်သင်နည်း နိသျည်း
အဘိဓမ္မာကျမ်းမှာ အဓိက ပြဆိုထားချက်တွေက ပရမတ္ထတရား လေးပါးဖြစ်တယ်။ သဂြိုဟ်ကိုးပိုင်းလုံးဟာ ဒီတရားလေးပါးကိုပဲ အမျိုးမျိုးပုံဖော် ရှင်းလင်းပြ ဆိုထားခြင်းဖြစ်တယ်။ ဒါကြောင့် သဂြိုဟ် ကိုးပိုင်းလုံးဟာ တစ်ခြားစီမဟုတ်ဘဲ တစ်ခု နှင့်တစ်ခု ကွင်းဆက်သဘွယ် ဆက်သွယ်နေခြင်းဖြစ်တယ်ဆိုတာကို သိနိုင်တယ်။ ဒါကြောင့် ယခုတင်ပြမဲ့ သင်ခန်းစာများမှာလည်း ကျမ်းစာအတိုင်း တစ်ပိုင်းစီ မသွားပဲ အလျဉ်းသင့်သလို ကိုးပိုင်းလုံးကို မွှေနှောက် သင်ပြပေးသွားမှာဖြစ်တယ်။ အဲဒီအခါမှာ ကျမ်းစာကို အစဉ်အတိုင်း သင်ယူရတာထက် ပိုမို ခက်ခဲတာကို တွေ့ရမှာဖြစ်ပေမယ့် အကျိုးရလဒ်က သိပ်များတယ်။ ဒီလိုသင် ယူရတဲ့ အတွက်ကြောင့် လက်တွေ့ကျမှု စိတ်ဝင်စားမှု၊ နားလည်မှု များစွာ ရရှိစေတယ်။ စာရဲ့အရသာကို အချိန်တိုင်း သိပြီး သင်ချင်ရင်း သင်ရင်း၊ သင်ရင်း သင်ချင်ရင်းဖြစ်နေတော့တာပဲ။ အဘိဓမ္မာဆိုတာ အဝေးကြီးမဟုတ်ပါလားဆိုတဲ့ အသိတွေ ၀င်လာပြီး ကျမ်းစာနောက်ကို တစ်ကောက်ကောက် လိုက်ချင်စိတ်တွေ ပေါ်နေတော့တာပဲ။ ဒါပေမဲ့ ဒီနည်းက ကလေးသူငယ် တွေအတွက်တော့ မဟုတ်ဘူး။ အနည်းဆုံး ဆယ်တန်းအဆင့်ရှိတဲ့ သူတွေအတွက် သင့်တော်တဲ့ လေ့လာနည်းတစ်ရပ် ဖြစ်တယ်။

စိတ်ပိုင်းကို မဏ္ဍိုင်ထားပြီး
သင်ပြတဲ့အခါ စိတ်ပိုင်းကို မဏ္ဍိုင်ထားပြီး အခြားအပိုင်းကဏ္ဍများက အချက် အလက်များနှင့် နှီးနှောပေါင်းစပ်သင်ပေးတယ်။ ဥပမာ အကုသိုလ်စိတ်ဆိုပါတော့ အကုသိုလ်ဆိုတာ ဘာတွေလဲ။ အကုသိုလ် အမှုတွေ ထုတ်ပြဘို့ ၀ီထိမုတ်ပိုင်းက ဒုစရိုက်တရား ၁၀ ပါးကို ယူပြပေးရတယ်။ အဟိတ်စိတ်ဆိုရင် မြင်သိစိတ်၊ ကြားသိစိတ် စတဲ့ စိတ်တွေဖြစ်ပေါ်လာပုံကို ပြဘို့အတွက် ရုပ်ပိုင်းက အာရုံ ငါးပါး၊ ပသာဒငါးပါးကို ယူပြီးပြရတယ်။ ပြီးတော့ စိတ်အစဉ်တွေပြ ဘို့ရန်အတွက် ၀ီထိပိုင်းက ၀ီထိစဉ်တွေ ယူပြီး ပြပေးရတယ်။ ကုသိုလ်စိတ်ရောက်ပြန်တော့ ဒွိဟိတ် တိဟိတ်စတဲ့ အခွဲတွေ၊ ကာမ ၁၁ ဘုံက ကာမ ပဋိသန္ဓေစိတ်နှင့် ပုဂ္ဂိုလ် အခွဲတွေ။ ၀ီထိချပုံတွေ စတာတွေကို ဝေေ၀ ဆာဆာ ပြပေးရတယ်။ အဲဒီလို ရှုထောင့်ပေါင်းစုံက တင်ပြပြီး သင်ပြနေရတာနဲ့ဘဲ ကာမစိတ် ၅၄ ပါးပြီးဘို့ ၁ လကျော် ၂ လလောက် အချိန်ယူရတယ်။ အဲ ကာမစိတ် ၅၄ ပါးပြီးတယ်ဆိုရင်ဘဲ သင်တန်းသားများဟာ သဂြိုဟ်ကျမ်းရဲ့ အခြေခံ သဘောတရားတွေကို အတော်လေး ထိထိမိမိသိရှိသွားပြီး သဂြိုဟ်ဆိုတာ ဒါပါလားလို့ တကယ်သိသွားတော့တယ်။ ကုသိုလ် အကုသိုလ် ကွဲပြီး ဘ၀၊ လောကသဘောတရားတွေကို ကိုယ်တိုင်စောကြောနိုင်တဲ့ အဘိဓမ္မာ ဥာဏ်ရသွားပြီဖြစ်တဲ့အတွက် လူလည်း အတော်လေး မင်ကပ်ပြီး ငြိမ်ချက်သား ကောင်းသွားတာကို တွေ့ရမယ်။

ရည်ရွယ်ချက်
အဘိဓမ္မာသင်ယူရခြင်းရဲ့ အဓိကက ဘာလဲဆိုတော့ အဘိဓမ္မာဆိုတာ ဘာလဲဆိုတာသိပြီး နေ့စဉ်ဘ၀ထဲမှာ အဘိဓမ္မာက ဘယ်လိုရှိနေတယ်ဆိုတာ သိနားလည်ဘို့ဖြစ်တယ်။ ဒါကြောင့် ဆရာဖြစ်သူက နှေးတာမြန်တာကို ပဓာန မထားဘဲ ကျမ်းစာ မှာလာတဲ့ စကားလုံးတိုင်းကို ကျေနပ်လောက်အောင်ရှင်းလင်း ပြောပြ ပေးဘို့ လိုအပ်တယ်။ ပြီးတော့ နေ့စဉ်ဘ၀ထဲမှာ အဘိဓမ္မာက ဘယ်လိုဖြစ်နေတယ်၊ အဘိဓမ္မာသဘောတရားအရ ဘ၀ကို ဘယ်လို ကောင်းအောင် ဖန်တီးရမယ် စတဲ့ ဘ၀နှင့် အဘိဓမ္မာကို တစ်ထပ်တည်းကျအောင် အလေးပေး ပြောပြသွားဘို့လည်း အထူးလိုအပ်တယ်။

Tuesday, August 31, 2010

အဘိဓမ္မာ အသင်း ဒုတိယအကြိမ် စည်းဝေး


အခမ်းအနား စတင်ဖွင့်လှစ်


international abhiddhamma society (အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ အသင်း) ဒုတိယအကြိမ် အစည်းအဝေးပွဲကို ၂၄ သြဂုတ်လ ၂၀၁၀ (ပုဏ္ဏိမာ-လပြည့်) နေ့ ညနေ ၅း ၃၀ အချိန်က ပူနေးမြို့ ပူနေးတက္ကသိုလ်၊ အသင်း၏ တည်နေရာ ဗုဒ္ဓ၀ိဟာရ ကျောင်းတော်တွင် ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနား သို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ ဂျပန်၊ ဂျာမန်နိုင်ငံတို့မှ ပညာတော်သင် ရဟန်းတော်များ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ကြသည်။





မေတ္တာသုတ်ရွတ်ပွား


အစည်းအဝေးကို မစ္စတာ ဆန်ဂျေး တန်ဘာဘဂိတ် ( ပါဠိဋ္ဌာနနှင့် ဆန်စစ်ကရစ်ဋ္ဌာန ဆရာ) က အခမ်းအနား မှူးအဖြစ် ဆောင်ရွက်ပြီး အခမ်းအနားအစီအစဉ်များကို ကျေငြာသည်။


အစီအစဉ်



အခမ်းအနားမှူး ဆရာ ဆန်ဂျေး



နံပါတ် ၁။ ဆင်းတု ရုပ်ပွားတော်မြတ်အား ဆီမီးဖယောင်တိုင်များ၊ အမွှေးနံ့သာတိုင်များဖြင့် ထွန်းညှိ ပူဇော်ခြင်း များကို ပြလုပ်သည်။


နံပတ် ၂။ နမောတဿ ဘုရားရှိခိုး ဂါထာကို သုံကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ် သည်။


နံပတ် ၃။ တက်ရောက်လာသူများက မြန်မာရဟန်းတော် အရှင်ကုသလထံ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။


နံပတ် ၄။ မြန်မာရဟန်းတော် အရှင်ကုသလ က အဖွင့်အမှာ (ကြိုဆိုနှုတ်ခွန်းဆက်) စကား ပြောဆိုသည်။


နံပတ် ၅။ အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ဆန်ဂျေးက ပြီးခဲ့သည့် ပထမအကြိမ် အစည်းအဝေးနေ့က ဆုံးဖြတ်ချက်များကို အစည်းအဝေးသို့ တင်ပြပြီး ယနေ့ စည်းဝေး ဆုံးဖြတ်ရမည့် အချက်အလက်များကိုတင်ပြသည်။



နမော ဗုဒ္ဓါယပါဘုရား



စည်းဝေးဆုံးဖြတ်ရမည့် အချက်အလက်များမှာ-

(က) အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း။

(ခ) အဖွဲ့၏ ပြဓာန်းကျမ်းစာ။

(ဂ) အဖွဲ့၏ ကိုယ်ပိုင်တံဆိပ်နှင့် စာသား နှင့်

(ဃ) အဖွဲ့၏ ရှေ့ဆက်လုပ်ငန်းစဉ်များ တို့ဖြစ်ကြသည်။

ဆုံးဖြတ် အတည်ပြုချက်အချို့


sunday school မှ ကျောင်းသားအချို့



(က) မစ္စတာ ဆန်ဂျေးက အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်ပတ်သက်၍ အဖွဲ့၏ အခြေခံစည်းမျဉ်း၊ ဥက္ကဋ္ဌဆိုင်ရာ၊ အဖွဲ့ဝင်ဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲ တင်ပြလာသည်ကို စည်းဝေး တက်ရောက် လာသူများက ညှိနှိုင်း အတည်ပြုကြသည်။

(ခ) အဖွဲ့၏ ပြဓာန်းကျမ်းစာများနှင့် ပတ်သက်၍ မြန်မာရဟန်းတော် အရှင်ကုသလ က ( ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးဆိုင်ရာ၊ လူဒကာ ဒကာမများဆိုင်ရာ သင်ကြားရမည့် ဘာသာ ရပ်များ) ရေးဆွဲတင်ပြသည်ကို အားလုံးက သဘောညီ အတည်ပြုကြသည်။

(ဂ) အဖွဲ့၏ မူပိုင် တံဆိပ်နှင့် စာသားကို မြန်မာရဟန်းတော် အရှင်ကုသလက တင်ပြသည်ကို ဆွေးနွေး အတည်ပြုကြသည်။

(ဃ) အသင်း၏ ရှေ့ဆက် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ လာမည့် တနင်္ဂနွေနေ့မှစ၍ တနင်္ဂနွေနေ့တိုင်း သင်ကြားမည့် Sunday dhamma school ပထမအဆင့် (elementary level) ကို စတင် သင်ကြားရန် အတည်ပြုကြသည်။


နံပတ် ၅။ ညနေ ၇ နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

Monday, August 30, 2010

ဗိယက်နာမ်ကျောင်းသား ကျောင်းသူများ၏ အမေများနေ့အခမ်းအနား






ူ


၂၄- ၈- ၂၀၁၀ နေ့ နံက်ပိုင်းတွင် ဗိယက်နမ်နိုင်ငံ ပညာ တော်သင် ရဟန်းတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ် ကျောင်းသား၊ ကျောင်းသူလေးများ စုပေါင်း၍ အမေများ နေ့အခမ်းအနားကို ပူနေးမြို့၊ ပူနေးတက္တသိုလ်၊ ဗုဒ္ဓ၀ိ ဟာရ ကျောင်းတော်တွင် ဆင်ယင်ကျင်းပခဲ့ကြသည်။ အခမ်းအနားကို နံက် ၁၀ နာရီတွင် စတင် ကျင်းပရာ ရှေးဦးစွာ ဗုဒ္ဓ၀ိဟာရ ကျောင်းဆောင် အတွင်းရှိ ဗုဒ္ဓဆင်း တုတော်ရှေ့တွင် ဗုဒ္ဓဂီတိများကို စုပေါင်း၍ ရွတ်ဖတ်ကြ သည်။ ထို့နောက် လှူဒါန်းဘွယ်ရာများကို လှူဒါန်းခြင်း၊ နေ့လည်စာများကို စုပေါင်းစား သောက်ခြင်းများကို ပြုလုပ်ကြသည်။ နေ့လည်စာ စားသောက်ပြီးနောက် လူငယ်များက အမေနေ့ ဆိုင်ရာ သီချင်းများကို အလှည့်ကျ သီကျူးကြသည်။




မြန်မာရဟန်းတော် အရှင်ကုသလသည် သူငယ်ချင်းဖြစ်သူ ( ဗိယက်နာမ် ရဟန်းတော်) က ဖိတ်ခေါ်သဖြင့် ဗိယက်နမ် ကျောင်းသား ကျောင်းသူများ ပြုလုပ်သည့် အမေနေ့ ပွဲသဘင်သို့ ပါဝင်တက်ရောက်ခဲ့သည်။ နေ့ လည်စာ စားပြီးချိန် ၀မ်းသာစကား ပြောပေးပါ ဟု တောင်းဆိုကြသဖြင့် ကျေးဇူးတင်စကား ၀မ်းမြောက်စကား ပြောဆိုပေးရသည်။

ယနေ့သည် ဗိယက်နာမ်နိုင်ငံ၏ အမေနေ့ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ မေတ္တာအခါတော်နေ့လည်းဖြစ် ပါကြောင်း။ (မြန်မာနိုင်ငံ၏ လပြည့်နေ့သည် ၂၅ ရက်နေ့ဖြစ်သည်) ထို့ကြောင့် အမေနေ့နှင့် မေတ္တာနေ့၊ မေတ္တာနေ့ နှင့် အမေနေ့၊ မြန်မာနှင့် ဗိယက်နာမ်၊ ဗိယက်နာမ်နှင့် မြန်မာ နီးစပ်သော အနေအထားတွင် ရှိပါကြောင်း။ အမေဆိုသည်မှာ နေရာတိုင်း၊ အချိန်တိုင်းတွင် ရှိပါကြောင်း။ အမေဆိုသော စကားသည် မည်သည့် ဘာသာ စကားတွင်ဖြစ်စေ မပြောင်းလဲသော အနေအထားတွင် ရှိပါကြောင်း။ ပါဠိဘာသာအားဖြင့် အမေသည် မာတာ။ အဖေသည် ပိတာ။ အင်္ဂလိပ်စကားတွင်လည်း မာသား၊ ဖားသား။ အိန္ဒိယ၊ တရုပ်၊ ကိုရီးယားတွင် မာမာ၊ ပါပါ။ မြန်မာများက မေမေ၊ ဖေဖေ ဟု ခေါ်ကြပါကြောင်း။ ထို့ကြောင့် အမေဟူသည် ကမ္ဘာလောကကြီးအတွင်း၌တူမျှသောသဘောရှိပါကြောင်း။

အမေဟူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၊ ဥပေက္ခာဆိုသည့် ကောင်းမြတ်သောစိတ်များကို ပိုင်ဆိုင် ထားသူများဖြစ်ပါကြောင်း။ ၄င်းစိတ်ဓာတ်များသည် ကမ္ဘာလောကကြီး သာယာလှပဘို့ အေးချမ်းဘို့ အတွက် အဓိက အခြေခံတရားများဖြစ်ပါကြောင်း။ ထို့ကြောင့် နိုင်ငံ၊ လူမျိုး၊ ကမ္ဘာလောက အေးချမ်းသာယာ ဘို့ရန် အတွက် လူတိုင်းလူတိုင်း အမေ့၏ စိတ်ဓာတ်များကို မွေးမြူသင့်ပါကြောင်း။ ယနေ့ ပြုလုပ်သည့် အမေများနေ့ အခမ်းအနားသည် အမေ့၏ စိတ်ဓာတ်များကို အားလုံး မွေးမြူကြဘို့ လိုအပ်ကြောင်း သတိတရား များဖြစ်စေသည့်အတွက် အလွန်အကျိုးများသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း။ အခမ်းအနားသို့ ယခုလို တက်ရောက်ခွင့် ရသည့်အတွက် အလွန်တရာ ကျေးဇူးတင်ပါကြောင်း။ အားလုံးသော ဗိယက်နာမ် ရဟန်းတော်၊ သီလရှင်၊ ကျောင်းသား ကျောင်းသူများ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေလို့ မေတ္တာဆုမွန်များ ချွေအပ်ပါကြောင်း ပြောဆိုပြီး ၀မ်းမြောက်စကားကို အဆုံးသတ်လိုက်သည်။

ထို့နောက် ဆင်းရဲ နွမ်းပါးသူများကို စားစရာ( ဆီ၊ ဆန်၊ ဆား) များဝေငှပေးကမ်းခြင်း အစီအစဉ်ကို ပြုလုပ်ကြပြီး အမေများနေ့ အခမ်းအနားကို ညနေ ၃ နာရီတွင် အဆုံးသတ်လိုက်သည်။

Thursday, August 19, 2010

အဘိဓမ္မာသင်ရအောင် (၁၄)

အဘိဓမ္မတ္ထသင်္ဂဟဆိုတာ
အဘိဓမ္မတ္ထသင်္ဂဟကို ပိုဒ်ခွဲကြည့်ရင် အဘိဓမ္မ+အတ္ထ+သင်္ဂဟ သုံးပုဒ်ဖြစ် တာကို တွေ့ရမယ်။ အဘိဓမ္မာ ဆိုတာကတော့ အဘိဓမ္မာ ၇-ကျမ်း၊ အတ္ထ က အနက်အဓိပ္ပါယ် သဘောတရား။ သင်္ဂဟ က ပေါင်းယူခြင်း လို့အဓိပ္ပါယ်ရတယ်။ ဆိုလိုတာက အဘိဓမ္မာ ၇-ကျမ်းလာ အနက် အဓိပ္ပါယ် သဘောတရားများကို အကျဉ်းချုံး( အနှစ်ထုတ်) ပြီး ရေးသားပြုစုထားတဲ့ ကျမ်းစာတစ်ခုဖြစ်တယ် ဆိုတာပဲ။ ဒီကျမ်းစာကို လေ့လာရင် ကျယ်ဝန်းတဲ့ အဘိဓမ္မာကျမ်းစာကြီးတွေရဲ့ အနက် အဓိပ္ပါယ် သဘော တရားတွေကို ကောင်းကောင်း သိနားလည်နိုင်တဲ့ အတွက်ကြောင့် ပညာရှင်တိုင်း လက်မလွှတ်တမ်း လေ့လာနေတဲ့ အဘိဓမ္မာ အခြေပြု ကျမ်းစာ တစ်ခုဖြစ်တယ်။

ဒီကျမ်းစာမှာ
ဒီကျမ်းစာမှာ အပိုင်း ၉-ပိုင်းပါရှိတယ်။ အဲဒါတွေကတော့-
၁။ စိတ်ပိုင်း
၂။ စေတသိက်ပိုင်း
၃။ ပကိဏ်းပိုင်း
၎။ ၀ီထိပိုင်း
၅။ ၀ီထိမုတ်ပိုင်း
၆။ ရုပ်ပိုင်း
၇။ သမုစ္စည်းပိုင်း
၈။ ပစ္စည်းပိုင်း နှင့်
၉။ ကမ္မဋ္ဌာန်းပိုင်း တို့ ဖြစ်ကြတယ်။ ဒါကြောင့် မြန်မာတွေက သင်္ဂြိုဟ် ကိုးပိုင်းလို့ ခေါ်ကြတယ်။



အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ဘာတွေပြတာလဲ
၁။ စိတ်ပိုင်းဆိုတာ စိတ်တွေရဲ့ အကြောင်းကို ပြဆိုထားတဲ့ အပိုင်း ကဏ္ဍဖြစ် တယ်။ စိတ် ၈၉ပါး အကျယ် ၁၂၁ ပါးရှိပုံကို အသေးစိတ် ရေတွက်ဖော်ပြထား တာဖြစ်တယ်။

၂။ စေတသိက်ပိုင်းကတော့ စေတသိက်တွေအကြောင်းကို အဓိက ပြဆိုထား တာပဲ။ စေတသိက် ၅၂ ပါးကို အမျိုးအစားခွဲခြားပြပြီးတော့ စိတ်နှင့် စေတသိက် များ ဘယ်လို ရောယှက်နေကြတယ်ဆိုတာကို အထူးတလည် ပြဆိုထားခြင်းဖြစ် တယ်။

၃။ ပကိဏ်းပိုင်းကတော့ စိတ်တွေ စေတသိက်တွေကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ၀တ္ထုဆိုတဲ့ ပကိဏ်းခြောက်ချက်နဲ့ ဘယ်လို ဝေဘန်ရမယ်ဆိုတာကို အဓိကပြဆိုထားတယ်။

၎။ ၀ီထိပိုင်းကတော့ စိတ်တွေဟာ အစီအစဉ်နဲ့ တစ်ခုပြီး တစ်ခု ဖြစ်နေတယ်ဆို တာကို အဓိကထားပြဆိုထားတာပဲ။

၅။ ၀ီထိမုတ်ပိုင်းကတော့ ကမ္ဘာမြေကြီးအကြောင်း သတ္တ၀ါတွေအကြောင်း ဘုံဌာနတွေ အကြောင်း ဘ၀ဟောင်းနဲ့ ဘ၀သစ် ဘယ်လိုကူးပြောင်းသွား တယ်ဆိုတာတွေကို အသေးစိတ် တင်ပြထားတဲ့ အပိုင်းကဏ္ဍ တစ်ခုဖြစ်တယ်။

၆။ ရုပ်ပိုင်းကတော့ ရုပ်တရားတွေရဲ့ အလုပ်လုပ်နေပုံတွေကို စနစ်တကျ တင်ပြ ထားတဲ့ အပိုင်းဖြစ်တယ်။ ဒီအပိုင်းမှာ နိဗ္ဗာန်အကြောင်းကိုလည်း အနည်းငယ် ပူးတွဲတင်ပြ ထားသေးတယ်။

၇။ သမုစ္စည်းပိုင်းကတော့ ကုသိုလ် အကုသိုလ်တရားများကို နာမည်တစ်မျိုးနဲ့ သူတို့ရဲ့ လုပ်ငန်းသဘောတရားများကို အသေးစိတ်ခြယ်မှုန်းတင်ပြထားတဲ့ အပိုင်းဖြစ်တယ်။ ခန္ဓာ အာယတန ဓာတ် သစ္စာ ဖွဲ့စည်း တည်ဆောက်ပုံတွေကိုလည်း တင်ပြထားသေးတယ်။

၈။ ပစ္စည်းပိုင်းကတော့ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတွေကို နက်နက်နဲနဲ တင်ပြထားတဲ့ အပိုင်းဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်နည်းကို အသေးစိတ် တင်ပြထား ပေမဲ့ ပဋ္ဌာန်းနည်းကိုတော့ အကျယ်မပြသာတဲ့အတွက်ကြောင့် မာတိကာလောက်သာ ခွဲပြထားခဲ့တယ်။

၉။ ကမ္မဋ္ဌာန်းပိုင်းကတော့ ပရမတ်သဘောတရားတွေကို ဘ၀လွတ်မြောက် မှုအတွက် ဘယ်လိုအသုံးချရမယ်ဆိုတာကို အသေးစိတ်ညွှန်ပြထားတဲ့ အပိုင်း ဖြစ်တယ်။ အဓိကအားဖြင့် စိတ်စွမ်းအားကို ဖြစ်စေတဲ့ သမထနှင့် ဘ၀လွတ်မြောက်မှုကို ပေးစွမ်းနိုင်တဲ့ ၀ိပဿနာနည်းလမ်းတွေကို အသေးစိတ် တင်ပြ ထားတဲ့ အပိုင်းကဏ္ဍတစ်ခုဖြစ်တယ်။