Saturday, July 3, 2010

အဘိဓမ္မာသင်ရအောင်

မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို ချုပ်လိုက်ရင် ပိဋကတ်သုံးပုံဆိုတာ တွေ့ရမယ်။ ပိဋကတ်သုံးပုံဆိုတာ ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ၁။ ၀ိနည်း ၂။ သုတ္တန် ၃။ အဘိဓမ္မာ။ ၀ိနည်းဆိုတာ ရဟန်းတော်များ ကျင့်သုံးလိုက်နာရန်အတွက် ပညတ်တော်မူ ထားခဲ့တဲ့ စည်းကမ်း ဥပဒေများဖြစ်တယ်။ သုတ္တန်ဆိုတာကတော့ ဘယ်လိုလွတ်မြောက်အောင် ကျင့်သုံးရမလဲဆိုတာကို ပုဂ္ဂိုလ်အလိုက် ညွှန်ပြတဲ့ နည်းလမ်းများဖြစ်တယ်။ အဘိဓမ္မာ ဆိုတာကတော့ တကယ့် သဘာဝ တရားစစ်စစ်တွေကိုချည်း ပုဂ္ဂိုလ်မလိုက် ဥပဒေမစွက် အရှိကို အရှိအတိုင်း တင်ပြထားတဲ့ တရားများဖြစ်တယ်။


ဘာသာတရားတိုင်းက ကြောက်တဲ့ တရား

အဘိဓမ္မာကို ဘာသာတရားတိုင်းက ကြောက်ကြတယ်။ သိပ္ပံကတောင် အဖေခေါ်ရတဲ့ ဘာသာရပ်ဖြစ် နေတော့ ကြောက်မယ်ဆိုလဲ ကြောက်သင့်တယ်လေ။ ကမ္ဘာ့ဘာသာတရား အားလုံးကို သိပ္ပံက စိန်ခေါ် ထားတာ ကြာပြီပဲ။ ဘယ်ဘာသာကမှ တုတ်တုတ်မလှုပ်ဝံ့ကြဘူး။ သိပ္ပံရဲ့ အကျိုးအကြောင်းဆက်နွှယ်မှု စက် ကွင်းထဲမှုာ ဘာသာတရားတွေ ကားယားကျကုန်တာ အတော်ကြာခဲ့ပြီပဲ။ ဒါကြောင့် ဘာသာတရား အားလုံးဟာ သိပ္ပံကို ချော့ပေါင်းနေရတယ်လေ။ အဲဒီလို အခြေအနေမျိုးမှာ ဗုဒ္ဓဘာသာကတော့ မာမာပဲ။ ဘာကိုမှ လှည့် မကြည့်ဘဲ ဣနြေ္ဒမပျက် ကိုယ်လမ်းကို လျှောက်လှမ်းနေနိုင်ခဲ့တယ်။ အဲဒီလို မာနိုင်တာကတော့ သိပ္ပံရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခိုင်နိုင်လို့ပေါ့။ ဟုတ်တယ် သိပ္ပံက သူ့ရဲ့စွမ်းပကား အာဏာ ပါဝါတွေကို အကုန်သုံးပြီး ဗုဒ္ဓဘာသာကို တူးဖြိုးဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ သိပ္ပံက တွေ့ရှိ သမျှအားလုံးဟာ ဗုဒ္ဓဘာသာဝန်းကျင်မှာပဲ ဖြစ်နေတာ တွေ့ရတော့ သိပ္ပံက ဗုဒ္ဓဘာသာကို လန့်လာတယ်။ လေးစားလာတယ်။ နောက် မော့ကြည့် လာတယ်။ နောက်တော့ လက်တွဲ လာတယ်။ နောက်တော့ သိပ္ပံနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် သိပ္ပံဟာ ခွဲခြားလို့ မရတဲ့ ညီအစ်ကိုတွေဖြစ်သွားကြတယ်။ ဟုတ်တယ် သိပ္ပံတွေ့သမျှ အသစ်အဆန်းများဟာ ဗုဒ္ဓဘုရား ပြောပြီးသား အချက်အလက် တွေချည်းဖြစ်နေတယ်။ ဒါကြောင့် သိပ္ပံဆရာကြီး အိုင်စတိုင်းက ပြောတယ် မဟုတ်လား သိပ္ပံတွေ့သမျှ ဗုဒ္ဓဘာသာနယ်ပယ်ထဲမှာပဲရှိသေးတယ်တဲ့။ သိပ္ပံဟာ ဗုဒ္ဓဘာသာကို ထောက်ခံ အားပေး သက်သေထူဘို့ ပေါ်ပေါက်လာတဲ့ နည်းလမ်း တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်တယ်။


အဘိဓမ္မာရဲ့ရန်သူများ

မြတ်စွာဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်ထဲက ၀ိနည်း နှင့် သုတ္တန်ဆိုင်ရာ တရားတော်များဟာ ယဉ် ကျေးမှုအလိုက် ပုဂ္ဂိုလ်အလိုက် ဟောပြောထားတဲ့ တရားတော်များဖြစ်တာကြောင့် ဘာသာခြားများက ထည့်မ တွက်ကြဘူး။ ဒါပေမဲ့ သိပ္ပံနည်းကျ ခေတ်နှင့် အမြဲတမ်း အံဝင်ခွင်ကျဖြစ်နေတဲ့ မြတ်စွာဗုဒ္ဓရဲ့ အဘိဓမ္မာကိုတော့ ထည့်မတွက်လို့ကို မရအောင်ဖြစ်နေတာ။ ဘာကြောင့်လဲ သူတို့ကိုးကွယ်နေတဲ့ ဘုရားတွေ နဲနဲမှ မတို့မထိခဲ့တဲ့ တရားများဖြစ် နေလို့ပေါ့။ ဘယ်နှာကြောင့် ဗုဒ္ဓတစ်ပါးတည်းမှာမှ ဒီတရားစစ်စစ်တွေကို ဟောနိုင်ခဲ့တာလည်း။ ဒါဆို မြတ်စွာဗုဒ္ဓသည်သာ သဗ္ဗညုတ ဥာဏ်တော်ပိုင်ရှင် ဘုရားစစ် ဘုရားမှန်ဖြစ်တယ် ဆိုတာကို ပြနေတာ ပေါ့။ ဗုဒ္ဓဘာသာ ကောင်းကောင်းရပ်တည်နိုင်တာ ဒီ အဘိဓမ္မာတရားကြောင့်ဖြစ်တယ်။ ဒါကြောင့် အဘိဓမ္မာ ကို ဗုဒ္ဓဘာသာမှ ခွဲထုတ်ဘို့ ကြိုးစားလာခဲ့ကြတယ်။ အဘိဓမ္မာ သည် ဘုရားဟော မဟုတ်ဘူး စသည် သတင်း လွှင့်လာကြတယ်။ ဒါကြောင့် အဘိဓမ္မာ သို့ ဗုဒ္ဓဘာသာရဲ့ ရန်သူတွေကို သတိထားနိုင်ကာမှ တော်ကာကြမယ်။

0 comments:

Post a Comment