Monday, August 2, 2010

မြန်မာရဟန်းတော်များ ဦးဆောင်၍

၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံ မဟာရဋ္ဌစတိတ် ပူနေးမြို့ ပူနေးတက္ကသိုလ် အတွင်းရှိ ဗုဒ္ဓ၀ိဟာရတွင် International Abhidhamma Society အဖွဲ့ကို ပူနေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြား နေကြသော မြန်မာရဟန်းတော်များ ဦးဆောင်၍ အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံတို့မှ ပညာတော်သင် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ် ကျောင်းသားများ ပါဝင်တက်ရောက်ကြသည်။ အထူးသဖြင့် အစည်းအဝေးကို ကမကထပြု ဦးစီးဆောင်ရွက်သူမှာ ပူနေးတက္ကသိုလ် ပါဠိဌာနမှ ဆရာဆန်ဂျေးတန်ဘာဂရိတ် ဖြစ်သည်။ အဖွဲ့အစည်းဖြစ်ပေါ်လာအောင် အကြံပြု စီစဉ်သူမှာ မြန်မာ ရဟန်းတော် အရှင်ကုသလဖြစ်သည်။

အခမ်းအနားကို ညနေ ၅ နာရီခွဲအချိန်တွင် စတင်ကျင်းပရာ အခမ်းအနားမှူးအဖြစ် ပါဠိဌာန ဆရာ ဆန်ဂျေး က ဆောင်ရွက်သည်။ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

နံပတ်(၁) ကြွရောက်လာသူအားလုံးက နမောတဿ ဘုရားရှိခိုး ဂါထာကို လက်အုပ်ချီမိုး သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခန်းအနား ဖွင့်လှစ်သည်။

နံပတ် (၂) တက်ရောက်လာသူအားလုံးက အလှည့်ကျ မိတ်ဆက်စကား ပြောဆိုကြသည်။

နံပတ် (၃) ထိုနောက် အမည် နေရပ် အတန်း နိုင်ငံ ဖုန်းနံပတ် စသည်များကို မှတ်တမ်းစာအုပ်တွင် အသီးသီးရေးထိုးကြရသည်။

နံပတ် (၄) အဖွဲ့အစည်း ဖွဲ့စည်းရခြင်းအကြောင်းနှင့် အဖွဲ့အစည်းကြီး၏ အမည်၊ ရည်ရွယ်ချက် နှင့် လုပ်ဆောင်ကြရမည့် လုပ်ငန်းတာဝန် စသည်များကို ဆရာ ဆန်ဂျေး မှ အကျယ်တ၀င့် လျှောက်ထားတင်ပြသည်။

နံပတ် (၅) ဆရာ ဆန်ဂျေး တင်ပြလျှောက်ထားချက်များကို အကျယ်တ၀င့် ဆွေးနွေး အကြံပြု တင်ပြကြသည်။

ဆွေးနွေးချက်။

အသင်းကြီး၏ အမည်နှင့် ပတ်သက်၍ ရှေးဦးစွာ ဆွေးနွေးကြရာ အသင်းကြီး၏ အမည်ကို မူလတင်းပြထားသည့်အတိုငှ်းှုInternational Abhidhamma Society ဟူ၍သာ အတည်ပြုကြသည်။

အသင်းကြီး၏ တည်ရာဌာနအဖြစ် ပူနေးတက္ကသိုလ်အတွင်းရှိ ဗုဒ္ဓ၀ိဟာရကို သတ်မှတ်ကြသည်။

အသင်းကြီး၏ ပြဋ္ဌာန်း ဘာသာရပ်များကို မြန်မာရဟန်းတော် အရှင်ကုသလ ကရေးဆွဲ တင်ပြသည်ကို ထိုအတိုင်းပင် အတည်ပြုကြသည်။

အသင်းကြီး၏ ဆောင်ပုဒ်နှင့် အမှတ်အသား တံဆိပ်ပုံကို အရှင်ကုသလ၊ အရှင်ကုမာရကဿပနှင့် မစ်စတာ ဥတေနတို့က ရှေးဆွဲ တင်ပြကြရန် တာဝန်ပေးကြသည်။

အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ပူနေးတက္ကသိုလ် ဗုဒ္ဓ၀ိဟာရ ဘန္တေသုဒဿန(phD thesis) ၊ အတွင်းရေးမှူးအဖြစ် ဆန်ဂျေးတန်ဘာဂရိတ်၊ အကြံပေးနှင့် သင်တန်းနည်းပြ ပုဂ္ဂိုလ်များအဖြစ် မြန်မာရဟန်းတော်များဖြစ်ကြသည့် အရှင်ပညောဘာသ(phD thesis)၊ အရှင်ကုသလ (MA second year) ၊ အရှင်ဇ၀န(phD thesis)၊ အရှင်ဣန္ဒာစရိယ(phD thesis)၊ အရှင်စန္ဒာဝရ(MA second year)၊ သီရိလင်္ကာ ရဟန်းတော် အရှင်ကုမာရကဿပ(MA second year)၊ ထိုင်းကျောင်းသား မစ်စတာ ဥတေန(phD thesis)၊ တိဘက်တန် ကျောင်းသား မစ်စတာ တက်ရှီ (MA second year) တို့ဖြစ်ကြသည်။ ကျန်ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ် သတ်မှတ်သည်။

အဖွဲ့ကြီး၏ ပုံမှန်စည်းဝေးရက်ကို လစဉ် လပြည့်နေ့ကို သတ်မှတ်သည်။ ထိုနေ့တွင် အဖွဲ့ကြီးအတွက် စည်းဝေးခြင်းနှင့်အတူ ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း လူဒကာ ဒကာမများအား ဟောပြောပြသကြမည်ဖြစ်သည်။

အသင်းကြီး၏ ဦးတည်ချက်အတိုင်း အဘိဓမ္မာသင်တန်းများကို ဗုဒ္ဓ၀ိဟာရ၌ အစဉ်မပျက် ချပို့သင်ပြသွားရန်၊ အခြားနေရာများတွင်လည်း အဖွဲ့အစည်းအသီးအသီးနှင့် ညှိနှိုင်းတိုင်ပင်၍ သင်တန်းများကို ပြုလုပ်သွားရန်၊ အထူးသဖြင့် ပညာရေးဋ္ဌာနများဖြစ်သည့် တက္ကသိုလ် ကောလိပ်များနှင့် ဆက်သွယ်၍ သင်တန်းများကို ပြုလုပ်သွားရန်၊ အင်တာနက် အွန်လိုင်းတို့မှလည်း နိုင်ငံတကာနှင့် ဆက်သွယ်၍ အွန်လိုင်း အဘိဓမ္မာသင်တန်းများကို ပြုလုပ်သွားရန် အစီအစဉ်များကို ဆွေးနွေးအတည်ပြုကြသည်။

နံပတ် (၆) အခမ်းအနားမှူးက အဖွဲ့ကြီး၏ အမည်နှင့် အဖွဲ့ကြီးကို အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေငြာသည်။ တက်ရောက်လာသူများက သာဓုသုံးကြိမ် ခေါ်ဆို၍ သဘောတူ အတည်ပြုကြသည်။

နံပတ် (၇) တက်ရောက်လာသူအားလုံးက (ညနေ ဂး၀၀ နာရီအချိန်တွင်) ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြသည်။ ( ထိုအချိန်တွင် ဒေ၀ါမိုးမင်းသည် ကောင်းချီးပေးသောအားဖြင့် မိုးရေများကို သွန်းချပေးသည်)။


ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော်

0 comments:

Post a Comment